Ads

ချမ်းမြေ့နည်းပညာ{သိမ်ဇရပ်သားလေး}ဆိုဒ်လေးသို့အခု့လိုလာရောက်အားပေးမှု့ကိုအရမ်းကျေးဇူးတင်ပါသည်ခင်ဗျာ.....
ကြိုက်နှစ်သက်သည့်အရောင်ဖြင့်ပြောင်းကြည့်ရန်

Video

Google Search Bar

မန်ဘာဝင်ခဲ့ရန်ဖိတ်ခေါ်ပါတယ်...ပို့စ်အသစ်တင်တိုင်းမိမိတို့ရဲ့ GMAIL ထဲကိုရောက်ရှိနေမှာပါ...

28 June 2015

ချမ်းမြေ့နည်းပညာ(သိမ်ဇရပ်သားလေး) The Great Gatsby (2013) မြန်မာစာတန်းထိုး

ချမ်းမြေ့နည်းပညာ(သိမ်ဇရပ်သားလေး) 




ဒီ ရုပ်ရှင်က ကျနော့်ကို ဆွဲဆောင်ခဲ့တယ်.....နာမည်ကျော် Spider Man ဇတ်ကားထဲက ပင့်ကူလူသား ပီတာပါကာ လို့ သိကြတဲ့မင်းသား Tobey Maguirနဲ့တိုင်တန်းနစ် နဲ့ နာမည်ကျော်လာပြီး BlooDiamondဇတ်ကားနဲ့ပိုပြီးနာမည်ကျော်လာတဲ့မင်းသားချောလီယိုနာဒိုတို့အပြင်ဧည့်သယ်သရုပ်ဆောင်
အဖြစ်မင်းသားကြီးအမီတာဘချမ်းလဲပါဝင်သရုပ်ဆောင်ထားပါတယ်....
===============================

Director: Baz Luhrmann ရိုက်ကူးတင်ဆက်ထားပြီးဇတ်ကားကြာမြင့်ချိန်2h23mရှိတဲ့ဒီရုပ်ရှင်ကားကိုMay 1,2013(USA)မှာရုံတင်ပြသခဲ့ပါတယ်...ရုပ်ရှင်ချစ်ပရိတ်သက်ကြီးရရှိမှာကတော့အချစ်ကြီးလှတဲ့ယောင်္ကျား
တစ်ယောက်ဟာ နှစ်နဲ့ချီပြီးတော့ စောင့်နိုင်တယ်ကြိုးစားနိုင်တယ်အသက်တောင် ပေးနိုင်တယ်ဆိုတဲ့အချစ်ရဲ့ အင်အား နဲ့ ဘ၀ ကို နေထိုင်လာခဲ့တဲ့ လူတစ်ယောက် အကြောင်းရုပ်ရှင်ကားကောင်းဖြစ်ပါတယ်.....
=====================================
ဇတ်လမ်းအကျဉ်း
=====================================
စိတ်ရောဂါကု ဆရာဝန် နဲ့ ဆွေးနွေးနေတဲ့ နစ်ကာရေး ကိုဆရာဝန်က မေးတယ် မင်း ဖြစ်နေတာက အရာရာတိုင်းကိုမနှစ်မြို့ဘူး သဘောမကျဘူး မယုံကြည်ဘူး ဆိုတော့ အားလုံးပဲလားမဟုတ်ဘူး တစ်ယောက်ကိုတောကျနော်သဘောကျတယ်...ဘယ်သူလဲမင်းကိုယ့်ကိုလားမစ္စတာကာရေး...မဟုတ်ဘူး
ကျနော် သဘောကျတာ တစ်ယောက်ထဲ... သူက ဂစ်ဘီ....လွန်ခဲ့တဲ့ ၁၉၂၂ ခုနှစ်က အကြောင်းကို ကာရေး က ပြန်နောက်ကြောင်းပြန်တယ်သူ နယူးရောက် ဝေါစထရိ က စတော့ ငွေကြေးဌာန မှာ အော်ပရေတာ လုပ်တယ်ညဘက်တွေ နဲ့ အားလပ်ချိန်တွေမှာ ၀ါသနာအရ စာရေးတဲ့ အလုပ်ကို လုပ်တယ်ကာရေး ရဲ့ အိမ်နားမှာ ရဲတိုက်ကြီးတစ်ခု ရှိတယ် လူချမ်းသာတစ်ယောက်နေတယ်နေ့တိုင်း ပါတီတွေ ပေးတယ် ပျော်ပွဲရွှင်ပွဲတွေ လုပ်တယ် အဲ့ ပိုင်ရှင်က မစ္စတာ ဂစ်ဘီ လို့သိရပြီး တစ်ခါမှမြင်ခွင့် မကြုံခဲ့ရဘူး....ကာရေး နေတဲ့ အရှေ့ဘက်ကမ်း မိုင် ၂၀ လောက်မှာ ကာရေး ရဲ့ အစ်မ ဒေစီ ရှိတယ်ဒေစီ ကတော့ လူချမ်းသာ တွမ် ကို လက်ထပ်ထားတာ ၅ နှစ်ရှိပြီ ဖြစ်ပြီးရဲတိုက်ကြီး နဲ့ ကျယ်ဝန်းလှတဲ့ ဥယဉ်ခြံမြေတွေနဲ့ ချမ်းသာနေပါတယ်...တွမ် ဟာ သူ့ယောက်ဖ ဖြစ်သူ ကာရေး ကို ချစ်ခင်သူဖြစ်ပြီး အမြဲလိုလိုအိမ်သို့ ဖိတ်ခေါ်ထမင်းကျွေးပြီး လျှောက်လည်လေ့ ရှိပါတယ်..ဒေစီ ဟာ အလွန်ချောမော လှပသော မိန်းကလေးဖြစ်ပြီး ကောလိပ်ကျောင်းသူဘ၀ မှာလူတိုင်း သဘောကျ ချစ်ကြတဲ့ မိန်းကလေးဖြစ်ပြီး ထိုသို့ မိန်းကလေးကို တွမ် ကလက်ထပ်ရယူထားပါတယ်...ဒါပေမယ့် တွမ် ဟာ ရှုပ်ပွေသူ ဖြစ်ပြီး သူ၏ မိတ်ဆွေ ကားဝပ်ရှော့ပိုင်ရှင်ရဲ့ ဇနီးနဲ့လဲတိတ်တိတ်ပုန်း ရှုပ်ပွေလျက် ရှိပြီး အများအားဖြင့် ပြည့်တန်ဆာ များကို အိမ်တစ်လုံးငှားကာပျော်ပါးပြီး နေတက်သူ ဖြစ်သဖြင့် ထိုအကြောင်းတွေ ဒေစီ က ကာရေး ကို ရင်ဖွင့်တက်ပါတယ်..အဲ့ဒီ ကိစ္စတွေ ဖြစ်ပြီး ကာရေး တစ်ယောက် လူတိုင်းကို အပေါ်ယံ အမြင်နဲ့ မယုံနိုင်အောင်ဖြစ်လာခဲ့ပါတယ် ဒါပေမယ့် အဲ့ဒါတွေကို ပျောက်ပြယ် ကုန်ဖို့အတွက်သူ့အိမ်နီးချင်းလူချမ်းသာမစ္စတာဂစ်ဘီဆီကပါတီပွဲတက်ဖို့ဖိတ်စာရောက်လာပါတော့တယ်...သူ
တစ်ခါမှ မမြင်ဖူးတဲ့ မစ္စတာဂစ်ဘီ ဆိုသော သူဌေးလူချော ဆိုသူဖြင့် ဆုံတွေ့ရပြီးမစ္စတာ ဂစ်ဘီ က ကာရေးအား သူနှင့် အတူ ဘယ်သွားသွား ခေါ်သွားကာအကောင်းဆုံး ဆိုသော အရာများဖြင့် မိတ်ဆက်ပေးပြီးအစိုးရပိုင်း နှင့်စီးပွားရေးသမားများအနုပညာရှင်များစွာဖြင့်ကာရေးအားမိတ်ဆက်ပေးပါတော့
တယ်...ကာရေး သည်လဲ လူညံ့မဟုတ်သောကြောင့်ဘာလိုချင်လို့ဒါတွေကိုလုပ်ပေးရသလဲဟုမစ္စတာဂစ်ဘီ အား မေးခွန်းထုတ်ရာ သူမမျှော်လင့်ထားတဲ့ အဖြစ်အပျက်ကို စသိပါတော့တယ်မစ္စတာ ဂစ်ဘီ သည် လွန်ခဲ့သော၅ နှစ်က ဒေစီ၏ချစ်သူ ဖြစ်ပြီးလက်ထပ်ကြဖို့ရည်ရွယ်ထားသော်လဲဂစ်ဘီစစ်ထဲပါသွားသောကြောင့် အဆက်အသွယ်တွေပျက်ပြီးတွမ် ကို ယူလိုက်ရတာဖြစ်ပါတယ် ဂစ်ဘီ ဟာ ဒေစီ ကို သူစီစဉ်တဲ့ ပါတီတွေမှာလာလို့ လာမလား ဟု အကုန်အကြခံကာ အမြဲတမ်း ပျော်ပွဲရွှင်ပွဲတွေ ပေးခဲ့တာဖြစ်ပါတယ်သူ တစ်သက်မှာ ဒေစီ နဲ့ တစ်ခါလောက် တွေ့ဖို့ အရေး ဒေစီ ရဲ့ မောင် ကာရေးကိုလဘက်ရည်တူတူသောက်ဖို့ စီစဉ်ပေးပါလို့ တောင်းဆိုခြင်းဖြစ်ပါတယ်....မစ္စတာဂစ်ဘီ နဲ့ ဒေစီ တို့ တွေ့ကြပြီးနောက် ဘာတွေ ဆက်ဖြစ်မလဲဒေစီ ရဲ့ ခင်ပွန်း တွမ် သိပြီး ဘာတွေ ဆက်ဖြစ်မလဲ...ဒေစီ နဲ့ ဂစ်ဘီ တို့ ပေါင်းရမှာလား ဒါမှမဟုတ်ခွဲရမှာလားဂစ်ဘီက ဒေစီကိုတကယ်ချစ်တာဟုတ်ရဲ့လားဒေစီကရောချစ်နိုင်သေးရဲ့လားကာရေး ကရော ဒီ အရှုပ်ထုပ်တွေကြားမှာ ဘာဆက်ဖြစ်မလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရမှာပါ...    








 pCloud Download (ဖိုင်ဆိုဒ်အကြီး)


 pCloud Download (ဖိုင်ဆိုဒ်အသေး)
 ( Movie Previewကိုတော့ Admin Thit San Khantရေးပေးထားတာ ဖြစ်ပါတယ်)

No comments :

Post a Comment