၂၀၁၀ လောက်က ထွက်ခဲ့တဲ့ ရှရွတ်ခန်ရဲ့ ဇာတ်ကားလေးတစ်ခုပါ။
ရှရွတ်ခန်ဟာ ဒီကားမှာတော့ Asperger's syndrome ရောဂါဝေဒနာရနေတဲ့သူတစ်ယောက်အဖြစ် သရုပ်ဆောင်ထားတာပါ။ သူ့သရုပ်ဆောင်မှုကလည်း ပြောစရာမရှိအောင်ကောင်းမွန်လှပါတယ်။သူဟာ သူ့မိဘတွေဆုံးတော့ သူ့ညီရှိရာ အမေရိက ကိုလိုက်သွားပါတယ်။ သူဟာ သူ့အစ်ကိုကုန်ပနီက အလှပြင်ပစ္စည်းတွေ ရောင်းချပေးနေရင်းMandireနဲ့ တွေ့ဆုံမိပြီး မြင်မြင်ခြင်းသဘောကျသွားပါတော့တယ်။ Mandira ဟာ အလှပြင်ဆိုင်မှာလုပ်နေတဲ့သူတစ်ယောက်ဖြစ်ပြီး သူ့မှာ သားတစ်ယောက်ရှိပါတယ်။ သူ့ယောကျာ်းနဲ့တော့ကွဲနေပါတယ်။သူမဟာမကျခင်အိမ်ပြောင်းဖို့ရှိနေပြီးကိုယ်ပိုင်အလှပြင်ဆိုင်လေးတစ်ခု
ဖွင့်ဖို့ စီစဉ်နေသူပါ။ Khan ကတော့ မကြာခဏ Mandira ဆိုင်ဘက်ခဏခဏရောက်ဖြစ်နေပါတယ်။Khan ဟာ သာမန်လူတစ်ယောက်မဟုတ်ပေမယ့်လည်း သူ့ရဲ့ရိုးသားမှု ညဏ်ကောင်းတာတွေကို Mandira က သဘောကျသောကြောင့် လက်ထပ်ဖို့သဘောတူလိုက်ပါတယ်။ အစပိုင်း Khan အစ်ကို့ သူတို့မင်္ဂလာဆောင်ကိုကန့်ကွက်ပါသေးတယ် . . . Mandira က ဟိန္ဒူဘာသာဝင်ဖြစ်ပြီး Khan တို့က မွတ်စလင်ဘာသာဝင်ဖြစ်နေသောကြောင့်ပါ။ ဒါပေမယ့် Khan ကတော့ Mandira ကိုပဲ ရွေးချယ်လိုက်ပါတော့တယ်။Khan, Mandara နဲ့ သူတို့သားတို့ ပျော်ပျော်ရွှင်ရွှင်နေထိုင်လျက်ရှိပြီး . . . တစ်ရက်တော့ သူတို့အတွက် ကံကြမ္မာဆိုးလို့ပြောရမယ့် အရာတစ်ခုပေါ်ပေါက်လာပါတော့တယ်။ 9/11 အသေခံဗုံးဖောက်မှုဖြစ်ပွားပြီး လူပေါင်းများစွာ သေကြေပျက်စီးခဲ့ရပါတယ်။ ထိုကိစ္စကြောင့်အမေရိကန်မှာ မွတ်စလင်နဲ့ တခြားဘာသာခြားတို့ကြား အဆင်မပြေမှုတွေ စပေါ်ပေါက်လာတော့တယ်။ ထိုအဆင်မပြေမှုစနက်တွေကြောင့်ပဲ သူတို့သားဖြစ်သူ ဆုံးရှုံးသွားရပါတောတ့ယ်။ ထို့နောက်သူတို့လင်မယားအဆင်မပြေမှုတွေဖြစ်ပွားပြီး Khan ဟာအိမ်ပေါ်က ဆင်သွားပါတော့တယ်။ သူ့မိန်းမရဲ့ စကားအတိုင်းပဲ Khanက သမ္မတကြီးနဲ့ တွေ့ဆုံပြီး အကြမ်းဖက် သမား မဟုတ်ဘူးဆိုတာကို ပြောဖို့ ကြိုးစားပါတော့တယ်။ အဲဒီလို ကြိုးစားတဲ့ အခါ တွေ့ကြုံရတဲ့ အခက်အခဲတွေကို ဘယ်လို ကျော်ဖြတ်သွားမှာလဲ ဆိုတာ စိတ်ဝင်စားစရာပါ။ ဘာသာရေးနဲ့ ပတ်သတ်ပြီး အတုယူစရာတွေကိုလဲ ဒီဇာတ်ကားထဲမှာ အများကြီးတွေ့နိုင်ပါတယ်။ လူတိုင်းကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး ကျွန်တော်စာရေးပြီးပြောတာထက်အများကြီးပိုအဓိပ္ပါယ်ရှိပါတယ်။ IMDB Ratings: 7.7/10 ရရှိထားတဲ့ဇာတ်ကားလေးတစ်ခုပါ။
Movie Download Link>>>>http://adf.ly/1JfAK7
Small File Size Download Link>>>>http://adf.ly/1JfA8f

No comments :
Post a Comment