မီအောင်လို့ အမေရိကန်အနောက်ပိုင်းကို လေယဉ်နဲ့ပြန်ချိန်မှာ အီသန်(Zach Galifianakis)နဲ့ စတွေ့ခဲ့ပါတယ်။ အီသန်ကြောင့် လေယာဉ်စီးခွင့်အပိတ်ခံရပြီး ပိုက်ဆံလည်းမရှိ မှတ်ပုံတင်လည်းမရှိ
ဒုက္ခရောက်ခဲ့ရပါတယ်။ နောက်မှာတော့ အီသန်ရဲ့ဖိတ်ခေါ်ချက်အရ ကားနဲ့အမေရိကန်နိုင်ငံကို ဖြတ်ပြီး မိုင် ၂၀၀၀ လောက် ခရီးအတူထွက်လာခဲ့ပြီး လမ်းမှာ အီသန်ကြောင့် ပီတာဒုက္ခရောက်ရပုံများကို ဟာသဖောက်ပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ဒီကားထဲမှာ နှစ်ယောက်စလုံးကသရုပ်ဆောင်သိပ်ကောင်းကြပြီး ZachGalifianakisဟာHangoverထဲကအတိုင်းငကြောင်ဇာတ်ရုပ်ကိုအပိုင်နိုင်ဆုံးသရုပ်ဆောင်သွားနိုင်ပါတယ်။ Jamie Fox လည်း ဧည့်သည်သရုပ်ဆောင်အဖြစ်ပါဝင်ပါတယ်။ IMDb Rating 6.6 ရခဲ့တဲ့ Comedy ကားကောင်းလေးပါ။ Robert Downey Jr နဲ့ Zach Galifianakis တို့ကြောင့် ဇာတ်လမ်းအဆုံးအထိ ပရိတ်သတ်ကြီး မပျင်းရပါဘူး။
Movie Download Link>>>>
Small File Size Download Link>>>>
(ဒီဇာတ်ကားကိုတော့ Channel Myanmar ပရိသတ်တစ်ဦးဖြစ်တဲ့ ကို Nyi Nyi Kyaw Myintကနေပြီး ဘာသာပြန်ပေးထားတာ ဖြစ်ပါတယ်)

