Ads

ချမ်းမြေ့နည်းပညာ{သိမ်ဇရပ်သားလေး}ဆိုဒ်လေးသို့အခု့လိုလာရောက်အားပေးမှု့ကိုအရမ်းကျေးဇူးတင်ပါသည်ခင်ဗျာ.....
ကြိုက်နှစ်သက်သည့်အရောင်ဖြင့်ပြောင်းကြည့်ရန်

Video

Google Search Bar

မန်ဘာဝင်ခဲ့ရန်ဖိတ်ခေါ်ပါတယ်...ပို့စ်အသစ်တင်တိုင်းမိမိတို့ရဲ့ GMAIL ထဲကိုရောက်ရှိနေမှာပါ...

29 July 2015

ချမ်းမြေ့နည်းပညာ(သိမ်ဇရပ်သားလေး) Gunday (2014) မြန်မာစာတန်းထိုး

ချမ်းမြေ့နည်းပညာ(သိမ်ဇရပ်သားလေး)


အချစ် ဟာ ခိုင်မြဲခြင်းလားဖျက်ဆီးခြင်းလားခိုင်မြဲခြင်း သာဆိုလျှင်
ညီအစ်ကို သံယောဇဉ်ထက်ကျော်လွန်နိုင်ပါ့မလားသင့်အဖြေ သင် စိတ်ချမှသင် ဒီကားကိုကြည့်ရှုဖို့ကောင်းပါတယ်ဇာတ်လမ်းအကျဉ်းဒီကားလေးကအထင်မသေးနိုင်တဲ့ ဇာတ်လမ်းနဲ့
စိတ်ကို ဆွဲဆောင်စေမယ့် ဇာတ်ကားကောင်းမျိုးပါအစဦးပိုင်းမှာတော့အိန္ဒိယ ပါကစ္စတန် စစ်ပွဲ အတွင်း
စစ်ဘေးသင့်ခဲ့တဲ့ကလေးနှစ်ယောက်ဘ၀နဲ့အစပြုခဲ့ပါတယ်သူတို့ကတော့ဗရမ်းနဲ့ဗာလာသူငယ်ချင်း
 နှစ်ယောက်ပါပါကစ္စတန် ဖြစ်ပေမဲ့ အိန္ဒိယ နိုင်ငံသားအဖြစ် အသိအမှတ်ပြုခံချင်တဲ့သူတို့နှစ်ဦးကို
လက်နက်မှောင်ခိုသမားတစ်ဦးကမွေးစားခဲ့ပါတယ်ဒါပေမဲ့ မွေးစားအဖေရဲ့ ဆရာကသူတို့နှစ်ဦးမှ တစ်ဦးကို
ခွဲထုတ်ခဲ့ပါတယ်ဗာလာက ဗရမ်းကို အနစ်နာခံရင်းသူပဲ နေခဲ့ဖို့ ဆုံးဖြတ်ခဲ့တယ်ဗာလာ ရဲ့ ဘ၀ကလည်း ဆိုးရွားခဲ့တယ်ယောက်ျားချင်း မုဒိမ်းမှု ဖြစ်မယ့်တိုင်နှိပ်စက်ခံရခဲ့တယ်ဒီမြင်ကွင်းကို ဗရမ်းတွေ့ရှိပြီးနောက်
မွေးစားအဖေရဲ့ ဆရာကိုသေနတ်နဲ့ ပစ်သတ်ခဲ့တယ်ကံကောင်းစွာနဲ့မွေးစားအဖေရဲ့အကူအညီနဲ့ပဲ
သူတို့နှစ်ဦး ထွက်မြောက်လွတ်မြောက်လာခဲ့ပါတယ်သူတို့ဟာ စားသောက်ဆိုင်တစ်ခုမှာစားပွဲထိုးလုပ်ရင်း ဘ၀ကိုထိန်းကျောင်းခဲ့တယ်ထို့ပြင်ရထားတွဲပေါ်က ကျောက်မီးသွေးတွေကိုခိုးယူ/ ဈေးပေါပေါနဲ့ ပြန်ရောင်းပြီး
အမြတ်ထုတ်ခဲ့တယ်ဒီလိုနဲ့အရွယ်ရောက်သည့်ုအခါမှာတော့သူတို့ဟာမြို့မျက်နှာဖုံးအဖြစ်ချမ်းသာကြွယ်ဝလာ
ခဲ့ကြတယ်သူဆင်းရဲတွေကို ထောက်ပံ့ဆေးရုံစာသင်ကျောင်းတွေဆောက်ပေးခဲ့တယ်စည်းကမ်းကြီးတဲ့ ကြွယ်
ဝတဲ့အိန္ဒိယ နိုင်ငံသားအဖြစ် ပြည်သူတွေရှုမြင်ခြင်းကလွဲလို့ဘာမှဂရုမစိုက်ခဲ့ကြဘူးတစ်နေ့မှာတော့သူတို့ဘ၀ ထဲမိန်းမပျိုတစ်ဦးဝင်ရောက်လာခဲ့တယ်သူမကနန်ဒတီဆိုတဲ့အကမယ်လေးထို့ပြင်နောက်ထပ် ရောက်လာခဲ့
သူကအေစီပီဆာခါးဆာခါးဟာဗရမ်းနဲ့ဗာလာကိုဖမ်းဆီးဖို့တာဝန်ပေးခံရသူပါအရင် ကျောက်မီးသွေးကိစ
္စတွေမှာရောကျော်ကြားမှုတွေနဲ့ပါဖမ်းဆီးနိုင်ဖို့ထင်ရှားတဲ့သက်သေခံကိုရှာဖွေနေသူလည်းဖြစ်ပါတယ်ဒီဇာတ်
ကားလေးမှာနန်ဒတီ ဆိုတဲ့ အကမယ်လေးကိုမည်သူက လက်ထပ်ရမလဲဗရမ်းလား ဗာလာ လားနန်ဒတီ အကမယ်လေးကိုပိုင်ဆိုင်ချင်စိတ်ကြောင့်ညီအစ်ကိုလိုချစ်ခင်မှုတွေမှုကသံယောဇဉ်ပျက်ယွင်းတော့မှာလား
ချစ်လျက်နဲ့ အနစ်နာခြင်းကပဲသံယောဇဉ် ကို ထိန်းကျောင်းမှာလားဒါ့ပြင်ဆာခါး ဆိုတဲ့ အရာရှိကရော
ဗရမ်းနဲ့. ဗာလာ ကိုသက်သေခံ နဲ့တကွ ဖမ်းဆီးနိုင်မှာလားဗရမ်းနဲ့ ဗာလာရဲ့ဆက်ဆံရေးတွေကရောနန်ဒတီ ရဲ့ သဘောထားကရောဆာခါးအရာရှိရဲ့ ဖမ်းဆီးမှုကရောလွတ်မြောက်အောင် ကြိုးစားမှုတွေကရောစတဲ့ ဇာတ်လမ်းမြုပ်ကွက်မျိုးနဲ့သင့်စိတ်ကို ဆွဲဆောင်သွားခဲ့မှာပါGunday လို့ဆိုပေမဲ့Action သာမက
အချစ် အလွမ်း သံယောဇဉ် တို့ပါပါဝင်ပေါင်းစပ်မှုတွေကြောင့်အတော်အသင့်ကြည့်ကောင်းတဲ့
ဇာတ်ကားမျိုးပါကဲ ကြည့်ရှုပါဦးလို...

DOWNLOAD BIGSIZE
ချမ်းမြေ့နည်းပညာ(သိမ်ဇရပ်သားလေး)

DOWNLOAD SMALLSIZE
ချမ်းမြေ့နည်းပညာ(သိမ်ဇရပ်သားလေး)