Ads

ချမ်းမြေ့နည်းပညာ{သိမ်ဇရပ်သားလေး}ဆိုဒ်လေးသို့အခု့လိုလာရောက်အားပေးမှု့ကိုအရမ်းကျေးဇူးတင်ပါသည်ခင်ဗျာ.....
ကြိုက်နှစ်သက်သည့်အရောင်ဖြင့်ပြောင်းကြည့်ရန်

Video

Google Search Bar

မန်ဘာဝင်ခဲ့ရန်ဖိတ်ခေါ်ပါတယ်...ပို့စ်အသစ်တင်တိုင်းမိမိတို့ရဲ့ GMAIL ထဲကိုရောက်ရှိနေမှာပါ...

23 September 2015

ချမ်းမြေ့နည်းပညာ(သိမ်ဇရပ်သားလေး) My Neighbor Totoro (1988) မြန်မာစာတန်းထိုး

ချမ်းမြေ့နည်းပညာ(သိမ်ဇရပ်သားလေး)
ချမ်းမြေ့နည်းပညာ(သိမ်ဇရပ်သားလေး)  
ဒီဇာတ်ကားလေးကို 1988 ခုနှစ်က ရိုက်ကူးခဲ့ပေမယ့် Disney ကနေ 2006 မှာ english အသံထွက်နဲ့ ပြန်ထုတ်လွှင့်ပေးခဲ့ပါတယ်... IMDb 8.3 နဲ့ rotten tomatoes 93% တောင် ရရှိထားတဲ့ Rating မြင့်တဲ့ကားပါ.. တခြားနိုင်ငံမှာ Pooh ဇာတ်ကောင်လေးတွေ ခေတ်စားခဲ့သလို Totoro ကလဲ ဂျပန်ကလေးငယ်တွေအပေါ်မှာ လွှမ်းမိုးနိုင်ခဲ့ပါတယ်... မြန်မာမှာလဲ ခုချိန်ထိ totoro ကို ချစ်နေတဲ့လူကြီးငယ်တွေ ရှိပါသေးတယ်ဗျ... ( ကျွန်တော်အပါအ၀င်ပေါ့... )
ဇာတ်လမ်းလေးကတော့ ၁၉၅၈ ခုနှစ်မှာ တက္ကသိုလ်ပါမောက္ခ Tatsuo Kusakabe နဲ့သူ့ရဲ့ သမီး ၂ ယောက်နဲ့ အတူ ရွာလေးတစ်ရွာမှာ ရှိတဲ့ အိမ်ဟောင်းတစ်လုံးစီကို ပြောင်းလာခဲ့ပါတယ်.. မိန်းမဖြစ်သူက နာတာရှည်ရောဂါ ခံစားနေရတာကြောင့် မိန်းမဖြစ်သူတက်နေတဲ့ ဆေးရုံနဲ့နီးတဲ့ အိမ်လေးကို ရွေးချယ်ခဲ့တာပါ..တောရွာတစ်ခုဖြစ်တဲ့အတိုင်း မမြင်ရတဲ့ ပရလောကယုံကြည်မှုတွေလဲ ရှိနေပါတယ်... ပထမဆုံး တွေ့ကြုံခဲ့တာကတော့ susuwatari လို့ ခေါ်တဲ့ မည်းမည်းလုံးလုံး ကျပ်ခိုးကောင်လေးတွေပါပဲ.. လူမနေတဲ့ အိမ်ဟောင်းတစ်ခုမှာ အဲဒီကျပ်ခိုးကောင်လေးတွေ ရှိနေမှာ အသေအချာဖြစ်ပြီး လူတွေရောက်လာတာနဲ့ နောက်ထပ် အိမ်လွတ်တစ်လုံးရှာဖွေဖို့ လေနဲ့အတူ လိုက်ပါသွားကြတယ်လို့ ယုံကြည်ကြတယ်...နောက်ထပ်တွေ့ရတာကတော့ အငယ်မလေး Mei ဥယျာဉ်ထဲ ဆော့ကစားနေချိန်မှာပဲဖြစ်ပါတယ်..ယုန်လေးလိုပဲနားရွက်ရှည်ရှည်နဲ့အကောင်လေးတစ်ကောင်နောက်ကိုလိုက်ရင်းနဲ့ သစ်မြစ်ဆုံကြီးရဲ့အခေါင်းပေါက်ကနေလိမ့်ကျသွားပါတော့တယ်...သူတွင်းထဲကျသွားပြီးအကောင်ကြီးကြီး အမွေးပွပွနဲ့ ချစ်စရာကောင်းတဲ့ မီးခိုးရောင် သတ္တ၀ါတစ်ကောင်ကို တွေ့သွားခဲ့ပါတယ်.. အဲဒီအကောင်ရဲ့ဟိန်းသံကနေTotoroလို့အသံထွက်တာကြောင့်Totoroလို့နာမည်ပေးလိုက်ပါတော့တယ်..
နောက်တစ်ကြိမ်အကြီးမလေးSatsukiနဲ့မထင်မှတ်ဘဲဆုံဆည်းပြန်ပါတယ်..မိုးရွာထဲအဖေပြန်လာမယ့်လမ်းက စောင့်နေတဲ့ Satsuki ဘေးမှာ ရယ်စရာကောင်းအောင် သစ်ရွက်ဖတ်လေးကို ခေါင်းပေါ်တင်ထားတဲ့ totoro... သစ်ရွက်ပေါ်ကနေ မိုးရေစက်တွေက သူ့နှုတ်သီးပေါ် တတုံတုံနဲ့ ကျနေတဲ့ Totoro....
ဒီကလေးမလေးနှစ်ယောက်နဲ့ Totoro တို့ ဘာတွေ ဘယ်လိုဆက်ဖြစ်လာကြဦးမလဲ.. ဘာကြောင့် rating မြင့်ပြီး ကြည့်ဖူးတဲ့ ကလေးတွေအပေါ် နှစ်ပေါင်းများစွာ လွှမ်းမိုးနိုင်ခဲ့သလဲဆိုတာကိုတော့ ကိုယ်တိုင်ကြည့်မှပဲ သိပါလိမ့်မယ်ဗျ...ဒီဇာတ်ကားက Totoro ကို ပုံဖော်ထားတဲ့နေရာမှာ လှလှပပ မဖြစ်ပေမယ့် ချစ်စရာကောင်းပြီး နူးညံ့သိမ်မွေ့တဲ့ပုံစံဖြစ်စေတဲ့အတွက် ဂျပန်တွေရဲ့ ရိုးရာအစွဲအလမ်းနဲ့ နာမ်လောကအစောင့်အရှောက်တွေအကြောင်းကို သမမျှတစွာ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်.. 
အကြီးမလေးSatsukiရဲ့သည်းခံနိုင်စွမ်းအားနဲ့အမြဲအကောင်းမြင်စိတ်ထားပြီး ပျော်ရွှင်တက်ကြွနေပုံကလဲ အဆင်မပြေတာတစ်ခုရှိရုံနဲ့ ဂျီတိုက်တတ်တဲ့ ကလေးတွေအတွက် အတုယူစရာကောင်းပါတယ်.. Mei ကတော့ အင်မတန်မှ စူးစမ်းချင်စိတ် အပြည့်အ၀ရှိပြီး လဲကျရင်တောင် မငိုမိအောင် ထိန်းချုပ်တတ်တဲ့ အသက် ၄ နှစ်အရွယ် ကလေးလေးတစ်ယောက်ရဲ့ ရင့်ကျက်မှုကို မြင်ရမှာဖြစ်ပါတယ်..
မိသားစုလိုက်ကြည့်သင့်တဲ့ဇာတ်ကားဖြစ်ပြီးကလေးလေးတွေအတွက်တစ်သက်တာအမှတ်ရသွားစေမယ့် ဇာတ်ကားမျိုးဖြစ်ပါတယ်။(မြန်မာစာတန်းထိုးကို ညီသံလွင် မှကိုယ်တိုင်ဘာသာပြန်ခဲ့တာဖြစ်ပြီး အညွှန်းကိုတော့ Su Myat Htike နဲ့ ညီသံလွင် တို့မှခံစားပေးထားတာပါ။)

File size...(800MB) 
Quality...Blu-ray Rip 720p

Format...mp4
Duration....01:26:24
Subtitle....Myanmar Subtitle (Hardsub)

Encoder....Nyeinsaeya Aung 

နမူနာကြည့်ရန်
 
 DOWNLOAD BIGSIZE
ချမ်းမြေ့နည်းပညာ(သိမ်ဇရပ်သားလေး)

DOWNLOAD SMALL-SIZE 
ချမ်းမြေ့နည်းပညာ(သိမ်ဇရပ်သားလေး)