ဒီကားလေးကတော့ကလေးလူငယ်လူကြီးမရွေးနှစ်သက်ခဲ့ကြတဲ့ကားလေးတစ်ကားပါ...ရုပ်ရှင်မရိုက်ခင် ရုပ်ပြဇာတ်လမ်းတွေမှာကတည်းကနာမည်ရခဲ့ပြီး Chipmunks songs Album ဆိုရင်လည်း ဂရမ်မီ ၅ ဆုအထိရခဲ့ပါတယ်...ရုပ်ရှင်အဖြစ်ရိုက်ကူးပြသခဲ့တဲ့အခါမှာလည်းပရိတ်သတ်ရဲ့အားပေးမှုအများအပြား
ရရှိခဲ့ပါတယ်...ကဲဇာတ်လမ်းအကြောင်းလေးသွားရအောင်တစ်ခါတုန်းက တောတစ်ခုထဲကသစ်ပင်ကြီး
တစ်ပင်မှာ ရှဥ့်ညီနောင်သုံးကောင်နေကြပါတယ်...သူတို့လေးတွေမှာ နာမည်ကိုယ်စီရှိတယ်ဗျ...
အယ်လ်ဗင်(Alvin)၊ဆိုင်မွန်(Simon)နဲ့သီအိုဒေါ(Theodore)တဲ့...ဒီလိုနဲ့သူတို့ရဲ့ဆောင်းခိုချိန်ရောက်လာ
ပါတော့တယ်...တစ်နေ့မှာသူတို့တွေရဲ့သစ်ပင်ကြီးကိုခုတ်ပြီးကားနဲ့သယ်ယူသွားခြင်းခံလိုက်ရပြီး...
သူတို့တွေကတော့သစ်ပင်ကြီးထဲမှာအိပ်နေတဲ့အတွက်မသိလိုက်ပါဘူး...သစ်ပင်ကြီးဟာခရစ္စမတ်သစ်ပင်
အဖြစ်နဲ့ လောစ့်အိန်ဂျလိစ်မြို့ကိုရောက်သွားပါတယ်...ရှည့်ညီနောင်တွေနိုးလာတဲ့အချိန်မှာတိုင်ပတ်ပါလေေ
ရာ...ဟိုဒီလျှောက်ပြေးရင်းနဲ့ လူတစ်ယောက်ရဲ့ အိမ်ကိုရောက်သွားပါတယ်...အဲ့ဒီလူကတော့ ဒေဗ့်စဗီလီ (Dave Seville) လို့ခေါ်တဲ့သီချင်းရေးဆရာတစ်ယောက်ဖြစ်ပြီးတော့ Entertainment ကုမ္ပဏီတစ်ခုမှာ အလုပ်အတွက်ရုန်းကန်နေရသူတစ်ဦးလည်းဖြစ်ပါတယ်...ရှဥ့်ညီနောင်တို့ရောက်သွားတဲ့အခါမှာလက်ခံ
ထားပေမယ့် မျောက်ရှုံးအောင်ကဲကြတဲ့အတွက် ဒေဗ့်အတွက်စိတ်ပျက်စေခဲ့ပါတယ်...ဒါပေမယ့် ရှဥ့်လေးတွေရဲ့အရည်အချင်းသိလိုက်ရတဲ့အခါမှာတော့ ဒေဗ့်ရဲ့စိတ်ကူးပြောင်းသွားခဲ့ပါတယ်...ဘာကြောင့်
လည်းဆိုတော့ ရှဥ့်လေးတွေမှာ သီချင်းကောင်းကောင်းဆိုနိုင်တဲ့ အရည်အချင်းရှိတဲ့အပြင် သာယာပြီးချစ်ဖို့ကောင်းတဲ့အသံလေးတွေလည်းပိုင်ဆိုင်ထားကြပါတယ်...အဲ့ဒီအခါမှာ ဒေဗ့်ရဲဖန်တီးနိုင်
စွမ်းနဲ့ ရှဥ့်လေးတွေရဲ့အရည်အချင်းကိုပေါင်းစပ်ပြီး ကုမ္ပဏီကိုတင်ဆက်ဖို့စီစဉ်ပါတော့တယ်...
ဒီအချိန်မှာဗီလိန်ပေါ်လာပါပြီ...သူကတော့ကုမ္ပဏီပိုင်ရှင်လန်ဟော့(LanHawke)ပဲဖြစ်ပါတယ်...ရှဥ့်လေးေ
တွရဲ့ အစွမ်းအစကိုသိတဲ့အခါမှာတော့ စီးပွားရေးသမားပီပီကြံပါတော့တယ်...အဲ့ဒါနဲ့ပဲ ဒေဗ့်ဆီကနေ ရှဥ့်ညီနောင်တို့ကိုယူနိုင်ဖို့အတွက် ကြိုးစားလာတဲ့အခါမှာတော့.......ဒီအခါမှာမိသားစုလိုသံယောဇဉ်
တွယ်နေကြတဲ့ ဒေဗ့်နဲ့ရှဥ့်ညီနောင်တို့ဘာတွေဆက်ဖြစ်ကြမလဲ???ရှဥ့်ညီနောင်ကရောလန်ဟော့ဆီပါသွား
မှာလား???ဒေဗ့်နဲ့ရှဥ့်ညီနောင်တို့ဘယ်လိုစခန်းသွားကြမလဲဆိုတာတွေကိုတော့ဆက်လက်ကြည့်ရှုခံစားေ
ပးကြပါခင်ဗျာ...ဇာတ်လမ်းလေးကမိသားစုဆန်ဆန်လေးရိုက်ထားပြီးတလွဲဟာသလေးတွေပါတဲ့အတွက်
ပေါ့ပေါ့ပါးပါးကြည့်ရတဲ့ကားကောင်းတစ်ကားပဲဖြစ်ပါတယ်...ရှဥ့်ညီနောင်သုံးကောင်ရဲ့မတူတဲ့စရိုက်လေးေ
တွကိုလည်းပြသထားပြီးလူသားနဲ့ တိရစ္ဆာန်တို့ရဲ့ကြားက သံယောဇဉ်ဖြစ်တည်မှုတွေကိုလည်း အကွက်ကျကျရိုက်ကူးတင်ဆက်ထားပါတယ်...ဇာတ်ကားထဲမှာ နာမည်ကြီး သီချင်းတွေကို chipmunks version နဲ့ ချစ်စဖွယ်နားထောင်ရမှာလည်း ဖြစ်ပါတယ်...အားပေးကြည့်ရှုကြပါဦး.......
(ဇာတ်ကားအညွန်းရေးသူကတော့ Ye’ Kyaw Htetပဲ ဖြစ်ပါတယ်...@Joker
နမူနာလေးကြည့်ရန်
DOWNLOAD BIGSIZE
DOWNLOAD SMALL-SIZE
No comments :
Post a Comment