ဒီနေ့အတွက်မိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ IMDB Rating -7.4ရရှိထားပြီး....မြူးကြွတဲ့တေးသီချင်းလေးများ...Romanceဆန်တဲ့ပြကွက်လေးများနဲ့ ....အချစ်တို့ရဲ့ ပြယုဒ်ကိုထင်ပေါ်အောင်ပြသပေးနိုင်ခဲ့တဲ့ Best Romance Horror Animation Moviesကောင်းတွေထဲကတစ်ကားဖြစ်ခဲ့တဲ့CORPSEBRIDEဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်ခင်ဗျ…
ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင်ဖြင့်..... လွန်ခဲ့တဲ့နှစ်ပေါင်း ၁၈၀၀ခန့်လောက်က Victorian
villageလို့ခေါ်တဲ့၇ွာလေးတစ်ရွာမှာ ဆွေစဉ်မျိုးဆက်ချမ်းသာလာပြီးအထည်ကြီးပျက်ဘ၀ကိုေ၇ာက်ရှိတော့မဲ့လူကုန်ထန်မိသား
စုတစ်စု..... ပိုက်ဆံရှိပေမဲ့ လူကုန်ထံအသိုင်းအ၀ိုင်းကမဟုတ်တဲ့ငါးရောင်းစားရင်း ကြီးပွားချမ်းသာလာတဲ့ ငါးကုန်သည်မိသားစုတစ်စုမှ တစ်ဦးတည်းသောသားလေး Victa... မိသားစုနှစ်ခုရဲ့လိုအပ်နေတဲ့ ကွက်လပ်ကိုယ်စီကိုဖြည့်ဖို့ရန် တစ်ယောက်ကိုတစ်ယောက် တစ်ခါမှမမြင်ဖူးကြတဲ့ VIctoria နဲ့ Victaတို့နှစ်ယောက်ကို လက်ထပ်ပေးဖို့ အစမ်းလေ့ကျင့်တဲ့အခမ်းနားလေးနဲ့ ဇာတ်လမ်းလေးကိုစတင်ခဲ့ပါတယ်......ဒါမဲ့မိဘတွေအတင်းပေးစားလို့ယူရမှာဖြစ်ပြီး....တစ်ခါမှမမြင်ဖူးတဲ့သူ
ကို လက်ထပ်ချင်စိတ်မရှိတဲ့ သူတို့နှစ်ဦး တစ်ဦးကိုတစ်ဦးတွေ့ရှိသွားကြတဲ့အခါ....Victa တစ်ယောက် လက်ထပ်ပွဲRehersalမှာအယောင်ယောင်အမှားမှားဖြစ်စေခဲ့ပြီးလက်ထပ်ပွဲအစမ်းလေ့ကျင့်မှုကို သေချာလုပ်ေ
ဆာင်နိုင်မှမဂ်လာပွဲကျင်းပရတော့မဲ့အဖြစ်ရောက်သွားခဲ့ပါတယ်….အစမ်းလေ့ကျင့်မှုကိုသေချာလေ့ကျင့်ဖို့
တောထဲကိုပြေးထွက်သွားကာ တစ်ယောက်တည်းလေ့ကျင့်နေချိန် သူလေ့ကျင့်နေတဲ့ လက်ထပ်ခွင့်စကားကြောင့် ချစ်သူပြန်အလာကိုမျှော်နေရင်းသေဆုံးသွားတဲ့ Amali မိန်းကလေး သေရာမှနိုးထလာတဲ့ အခါ..Victaတစ်ယောက် Amaliနဲ့လက်ထပ်လိုက်ရပြီး သရဲတွေနေတဲ့နေရာသို့ ဘုမသိဘမသိပါသွားရရှာပေါတော့တယ်... တစ်ဖက်မှာလည်းချစ်သူပြန်အလာကိုမျှော်နေရှာတဲ့ Victoriaတစ်ယောက်.... Victaပြန်မလာတာနဲ့ အရန်သင့်သူ့နေရာကိုအစားထိုးပြီး...Victoriaမိသားစုရဲံ စည်းစိမ်တွေကိုလိုချင်နေတဲ့ သူကလည်းအခွင့်အရေးကို စောင့်မျှော်နေပါတယ်..... အဲ့လိုအရန်သင့်စောင့်နေတဲ့သူရဲ့ချစ်သူကတော့ Victaဘုမသိဘမသိလက်ထပ်လိုက်ရတဲ့ သေရွာက မင်းသမီးလေးAmaliပါ.... အဲ့ဒီသူဟာ Amaliကို လက်ထပ်မယ်လို့ပြောပြီးသူ့မှာပါလာတဲ့စည်းစိမ်တွေယူကာဝက်သစ်ချပင်ရင်းအောက်မှာစောင့်ခိုင်းခဲ့ရာကနေ အမ်မလီတစ်ယောက်သေဆုံးသွားခဲ့ရပါတယ်..... အချစ်ရဲ့စွန့်ပစ်ခြင်းကို ခံရရှာပြီး အချစ်ငတ်နေတဲ့ AmaliလေးVictaနဲ့တွေ့ရှိကာ သံယောဇဉ်နှောင်ကြိုးတွယ်ငြိသွားမှာလား........? Victaကကော Amaliကိုပြန်ချစ်နိုင်ပါ့မလား.....ဒါမှမဟုတ်လူ့ဘ၀ကသူချစ်ခဲ့တဲ့ချစ်သူလေးVictoriaဆီကိုပြန်လာနိုင်အော
င်ကြိုးစားမှာလား....? Victoriaကကော သူ့မိဘစည်းစိမ်ချမ်းသာကိုမက်ပြီးသူ့ကိုအတင်းလက်ထပ်ချင်နေတဲ့ သူနဲ့ လက်ထပ်လိုက်ရတော့မှာလား...?စတဲ့စိတ်ဝင်စားစရာ လေးပွင့်ဆိုင်ချစ်ဇာတ်လမ်းလေးကိုတော့ ဇာတ်လမ်းလေးထဲမှာဆက်လက်ကြည့်ရှုခံစားကြည့်ရအောင်စို့လားခင်ဗျာ….(ဒီဇာတ်ကားကို ဘာသာပြန်သူကတော့ ညီသံလွင်ဖြစ်ပြီး အညွန်းကိုတော့ ဝေသူရိန်ကနေ ရေးပေးထားတာ ဖြစ်ပါတယ်)
File Size : 550 MB
Quality : Blu ray 720P
Running Time : 1hr 17 minute
Format : Mp4
Genre : Animation,Fantasy,Musical
Encoder : Joker.phs
နမူနာလေးကြည့်ရန်
DOWNLOAD BIGSIZE
DOWNLOAD SMALL-SIZE



No comments :
Post a Comment