Ads

ချမ်းမြေ့နည်းပညာ{သိမ်ဇရပ်သားလေး}ဆိုဒ်လေးသို့အခု့လိုလာရောက်အားပေးမှု့ကိုအရမ်းကျေးဇူးတင်ပါသည်ခင်ဗျာ.....
ကြိုက်နှစ်သက်သည့်အရောင်ဖြင့်ပြောင်းကြည့်ရန်

Video

Google Search Bar

မန်ဘာဝင်ခဲ့ရန်ဖိတ်ခေါ်ပါတယ်...ပို့စ်အသစ်တင်တိုင်းမိမိတို့ရဲ့ GMAIL ထဲကိုရောက်ရှိနေမှာပါ...

28 November 2015

ချမ်းမြေ့နည်းပညာ(သိမ်ဇရပ်သားလေး) Dhobi Ghat (2010) မြန်မာစာတန်းထိုး

ချမ်းမြေ့နည်းပညာ(သိမ်ဇရပ်သားလေး)
ချမ်းမြေ့နည်းပညာ(သိမ်ဇရပ်သားလေး)













 ဒီကားလေးကတော့IMDB rating 7.2/10ရရှိထားပြီး ဒရမ်မာ ဆန်ဆန်လွမ်းမောဖွယ် ကြည့်ရှုရမယ့်
ဇာတ်ကားကောင်းတစ်ခုပဲဖြစ်ပါတယ်။ဒီဇာတ်ကားလေးမှာ Pk မင်းသားပါဝင်သရုပ်ဆောင်ထားပြီး
လူနေမှုဘ၀အဆင့်အတန်းကို မီးမောင်းထိုးပြပေးတဲ့ ဇာတ်ကားဆိုလည်းမမှားပါဘူး။


ဇာတ်လမ်းအကျဉ်း
➳ ➳ ➳ ➳ ➳

အာရွန် ဆိုတဲ့ ပန်းချီဆရာလေးဟာတိုက်ခန်းငယ်တစ်ခုဆီငှါးရမ်းနေထိုင်ဖို့ ပြောင်းရွှေ့လာခဲ့ပါတယ်။
သူငှားနေတဲ့ရပ်ကွက်ကတော့မွန်ဘိုင်းရဲ့အခြေခံလူတန်းစားရပ်ကွက်လေးပေါ့အတိတ် မှာဖြင့်
အာရွန် ဟာ သူ့မိန်းမနဲ့ကွာရှင်းခဲ့ပြီးနာက်စိတ်ဒဏ်ရာရရှိခဲ့သူတစ်ဦးဖြစ်လာခဲ့ရတယ်။အဲဒီနောက် သူဟာ မိန်းကလေးများနှင့်ခပ်ခွာခွာ နေလာခဲ့ရသူ ဖြစ်လာခဲ့တယ်။ဒါပေမဲ့မွန်ဘိုင်းတိုက်ငယ်ဆီမပြောင်းခင်တုန်းကပေါ့။
အာရွန်ဟာ ရှိုင်း ဆိုတဲ့ကောင်မလေးနဲ့ဆုံဆည်းခဲ့ပါသေးတယ်။ရှိုင်း ဟာ ရင်းနှီးမြုပ်နှံသူတစ်ဦးဖြစ်ပြီး
သူမရဲ့ ၀ါသနာအရ ဓာတ်ပုံရိုက်ခြင်းမှာဝါသနာထုံသူတစ်ဦးပါ။တစ်နေ့ မှာ အာရွန်ရဲ့ ပန်းချီ ပြပွဲသွားရင်း
ရှိုင်းဟာအာရွန်ကိုခင်မင်ရင်းနှီးသွားပါတယ်။အဲ့ဒီနောက်ရှိုင်းကတော့အာရွန်ကိုတိတ်တခိုးချစ်မိသွားပါတော့တယ်။
ဒီ ဇာတ်ကားရဲ့ နောက်ဇာတ်ကောင်လေးကတော့မူနာ ဆိုတဲ့ အ၀တ်လျှော်သမားလေးပါ။သို့ပင်သူ့မှာ ရုပ်ရှင်မင်းသားဆိုတဲ့ အိပ်မက်လေးလည်းရှိထားနှင့်ခဲ့ပါတယ်။တစ်နေ့မှာ မူနာ ဟာ ရှိုင်းတို့တိုက်ခန်းဆီ
အ၀တ်သွားပို့တဲ့ချိန်မှာတော့အာရွန်ရဲ့အကျီင်္ကိုမှားပို့မိပါတယ်။ရှိုင်းကတောူ့အာရွန့်လိပ်စာကိုမေးမြန်းစုံစမ်းရင်း အာရွန်ရဲ့လှုပ်ရှားမှုပုံရိပ်တွေကိုဓာတ်ပုံခိုးရိုက်ခဲ့ပါတယ်။နောက်ပိုင်းမှာတော့မူနာလည်းရှိုင်းနဲ့ခင်မင်ရင်းနှီးရင်း
ရှိုင်းရဲ့ ဖလင်ပုံရိပ်တွေမှာ မော်ဒယ်လ်အသွင်နဲ့အနုပညာ ကိုဖော်ကျူးခဲ့ပါတယ်။အဲ့ဒီနောက် မူနာကလည်း ရှိုင်းကိုသံယောဇဉ်တွယ်ချစ်ခင်လာမိခဲ့ပါတယ်။တစ်နေ့မှာတော့အာရွန်ဟာရှိုင်းနဲ့ ပြန်တွေ့ကြသောအခါ---???
ကဲဘာတွေဆက်ဖြစ်ကြဦးမလဲ။ဒီဇာတ်ကားလေးကသာမန်အချစ်အလွမ်းသာမကအခြေခံလူတန်းစားတွေရဲ့
ဘ၀ကိုညှာတာ ထောက်ထားဖို့အသိပညာပါဖော်ညွှန်းထားပါတယ်။အာရွန်၊ရှိုင်း၊မူနာတို့သုံးပွင့်ဆိုင်အချစ်ကလည်း
မည်သို့ ဖြစ်လာမည်ကလည်းစိတ်လှုပ်ရှားဖွယ်ကောင်းလှပါတယ်။ဒါ့ပြင်ဒီဇာတ်ကားလေးရဲ့အဆုံးသတ်ကလည်း
သဘာဝဆန်ဆန် ပြီးစီးရင်းဘ၀မှာရုန်းကန်လှုပ်ရှားနေတဲ့စိတ်ကူး တွေကို ဒိုင်ယာရီသဖွယ်ဒိုးဒိုးဒေါက်ဒေါက် တင်ပြသွားပါတယ်။လူတန်းစား အခြေအနေမတူသော်လည်းအနုပညာ ကိုတန်ဖိုးထားတတ်မှု၊အချစ် ၏ နူးညံ့မှုကိုခံစားတတ်မှု၊ရင်မောဖွယ်ဘ၀တို့ကိုရုန်းကန်နေထိုင်တတ်မှုအစရှိတဲ့အနှစ်သာရတွေနဲ့ ပြည့်ဝနေတာကြောင့်
ဒီဇာတ်ကားလေးကကြည့်သင့်ကြည့်ဖွယ်ကောင်းတဲ့ဇာတ်ကားလေးဖြစ်ကြောင်းတိုက်တွန်းညွှန်းဆိုလိုက်ရပါတော့တယ် ခင်ဗျား...(အညွန်းရေးသူကတော့ လင်းခယံ ပဲဖြစ်ပါတယ်)
File Size         : 730 MB
Quality           : Blu ray 720P
Running Time : 1hr 40 minute
Format           : Mp4
Genre             :Drama
Encoder         : Joker.phs


နမူနာလေးကြည့်ရန်

 DOWNLOAD MOVIE
ချမ်းမြေ့နည်းပညာ(သိမ်ဇရပ်သားလေး)


ချမ်းမြေ့နည်းပညာ{သိမ်ဇရပ်သားလေး}ဆိုဒ်လေးမှလက်ကိုင်ဖုန်းနဲ့လာရောက်အားပေးကြည့်ရှု့သူများအတွက်ဘာ SKIP AD မှမခံပေးထားပါဘူးခင်ဗျာ... လာရောက်အားပေးမှု့ကိုအရမ်းကျေးဇူးတင်ပါသည်ခင်ဗျာ.....


လင့်သေနေတာများတွေ့ခဲ့ရင်ကွန်မန့်လေးမှာမန့်ခဲ့ပေးပါ...


အောက်ကပေးထားတဲ့ဝက်ဆိုဒ်နှစ်ခုလုံးမှာကြော်ညာကလစ်ပြီးပိုက်ဆံရှာကြတဲ့ဘော်ဘော်များမန်ဘာဝင်ရန်ဖိတ်ခေါ်ပါတယ်ခင်ဗျာ....



PaidVerts
 

No comments :

Post a Comment