Ads

ချမ်းမြေ့နည်းပညာ{သိမ်ဇရပ်သားလေး}ဆိုဒ်လေးသို့အခု့လိုလာရောက်အားပေးမှု့ကိုအရမ်းကျေးဇူးတင်ပါသည်ခင်ဗျာ.....
ကြိုက်နှစ်သက်သည့်အရောင်ဖြင့်ပြောင်းကြည့်ရန်

Video

Google Search Bar

မန်ဘာဝင်ခဲ့ရန်ဖိတ်ခေါ်ပါတယ်...ပို့စ်အသစ်တင်တိုင်းမိမိတို့ရဲ့ GMAIL ထဲကိုရောက်ရှိနေမှာပါ...

03 November 2015

ချမ်းမြေ့နည်းပညာ(သိမ်ဇရပ်သားလေး) Falcon Rising (2014) မြန်မာစာတန်းထိုး

ချမ်းမြေ့နည်းပညာ(သိမ်ဇရပ်သားလေး)
ချမ်းမြေ့နည်းပညာ(သိမ်ဇရပ်သားလေး)













ဒီတစ်ခေါက်မိတ်ဆက်ပေးမယ့် ဇာတ်လမ်းကတော့ အမေရိကန် စစ်သားဟောင်းတစ်ယောက်ရဲ့ ဘရာဇီးလ် နိုင်ငံမှာ တိုက်ခိုက်တဲ့ အက်ရှင်ဇာတ်လမ်းတစ်ခုပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာ တော့ အမေရိကန် မရိန်း တပ်သားဟောင်း တစ်ယောက်ဖြစ်တဲ့ John “Falcon” Chapman ဟာ သူ့ရဲ့ အရှေ့အလယ်ပိုင်းဒေသ တုန်းက စစ်ဆင်ရေး မြင်ကွင်းတွေရဲ့ ခြောက်လှန့်မှုကို ခံနေရသူပါ။
သူဟာ စိတ်ဖိစီးမှုတွေကြောင့် အရက်ကိုပဲ အချိန်ပြည့်သောက်သုံးနေသူလည်းဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ အစ်မ ကတော့ ဘရာဇီးလ်နိုင်ငံ ရီယို ဒီဂျနဲရိုး မြို့မှာ လူမှုရေး အလုပ်သမားတစ်ယောက်အဖြစ် လုပ်ကိုင်နေပါတယ်။ တစ်နေ့မှာတော့ သူ့အစ်မ ကို သေလုနီးပါး တိုက်ခိုက်ခံရတဲ့ သတင်းကြောင့် Chapman ဟာ ဘရာဇီးလ်နိုင်ငံ ရီယို ဒီဂျနဲရိုး မြို့ကို လိုက်သွားခဲ့ပါတယ်။ သူ့အစ်မ အလုပ်လုပ်တဲ့ Favela ဆိုတဲ့ ရပ်ကွက်ဟာတော့ မူးယစ်ဆေးဝါး ဖြန့်ချိတဲ့ ရပ်ကွက်ဖြစ်ပြီး ထိုရပ်ကွက်ကို အစိုးရကလည်း အုပ်ချုပ်မှု မလုပ်ပါဘူး။ ကိုယ်ပိုင် အုပ်ချုပ်ခွင့်နဲ့ ရပ်တည်နေရတဲ့ ဒုစရိုက်နယ်မြေတစ်ခုဖြစ်ပါတယ်။

ဒါပေမယ့်လည်း သူ့အစ်မရဲ့ တိုက်ခိုက်ခံရမှုကို လိုက်လံစုံစမ်းကြည့်တဲ့အခါမှာတော့ ဂျပန်နိုင်ငံက ယာကူဇာ ဂိုဏ်းသား တစ်ချို့ဟာ ဘရာဇီးလ်နိုင်ငံက အကျင့်ပျက်ရဲဝန်ထမ်းတွေနဲ့ ပူးပေါင်းပြီး Favela ရပ်ကွက်ထဲက ကလေးငယ်တွေကို ပြည့်တန်ဆာ ပြုလုပ်ရန်အတွက် ဂျပန်နိုင်ငံကို တရားမ၀င် လူကုန်ကူးဖို့ကြိုးစားနေပါတယ်။ ထို အဖြစ်အပျက်တွေကို Chapman ရဲ့ အစ်မက သိရှိသွားတဲ့အတွက် Chapman ရဲ့ အစ်မကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး အတိုက်အခိုက် ကျွမ်းကျင်တဲ့ အမေရိကန် မရိန်းတပ်သားဟောင်း Chapman ရဲ့ သူ့အစ်မ အတွက် ကလဲ့စားချေပုံ အက်ရှင်ဇာတ်ကွက်တွေကို သရုပ်ဖော်ရိုက်ကူးပေးထားတာကတော့ ဒါရိုက်တာErnie Barbarash ဖြစ်ပါတယ်။ ဇာတ်လမ်းကိုတော့ Y.T.Parazi ကရေးသားထားပါတယ်။ အဓိက သရုပ်ဆောင် Chapman အဖြစ်တော့ Michael Jai White က သရုပ်ဆောင်ပေးထားပါတယ်။(ဇာတ်ကားအညွန်းကိုwww.mingalabar168.comမှကူးယူဖော်ပြသည်)

File Size         : 720 MB
Quality           : Blu ray 720P
Running Time : 1hr 41 minute
Format           : Mp4
Genre             : Action, Adventure
Encoder         : Joker.phs


နမူနာလေးကြည့်ရန်

DOWNLOAD  MOVIE
ချမ်းမြေ့နည်းပညာ(သိမ်ဇရပ်သားလေး)


ချမ်းမြေ့နည်းပညာ{သိမ်ဇရပ်သားလေး}ဆိုဒ်လေးသို့အခု့လိုလာရောက်အားပေးမှု့ကိုအရမ်းကျေးဇူးတင်ပါသည်ခင်ဗျာ.....


လင့်သေနေတာများတွေ့ခဲ့ရင်ကွန်မန့်လေးမှာမန့်ခဲ့ပေးပါ...


အောက်ကပေးထားတဲ့ဝက်ဆိုဒ်နှစ်ခုလုံးမှာကြော်ညာကလစ်ပြီးပိုက်ဆံရှာကြတဲ့ဘော်ဘော်များမန်ဘာဝင်ရန်ဖိတ်ခေါ်ပါတယ်ခင်ဗျာ....



PaidVerts
 

No comments :

Post a Comment