ကျွန်တော်ရဲ့ ပထမဆုံး 3D effect Movies စကြည့်ဖူးတာက တော့ ဒီရုပ်ရှင်ကားလေးပဲပေါ့ဗျာ
2011 မှာထွက်ရှိခဲ့တဲ့ Bollywood Horror Movie တစ်ကားပါ။ဒီဇာတ်လမ်းကတော့ အရမ်းကို ထိပ်လန့် ကြောက်မက်ဖွယ်ကောင်းတဲ့ အိမ်ကြီးတစ်အိမ်မှာ ကြောက်လန့်စွာအော်နေတဲ့ အော်သံတွေနဲ့ အစပြိုးထားပေမယ့် တကယ့်ကို ကောင်းတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်လို့ ဆိုရမှာပေါ့။
ဇာတ်အိမ်မှာ တော့ ဇာတ်ဆောင်တွေ များများစားစား မပါဝင်ပဲ ပျင်းစရာမကောင်းအောင် ရသမျိုးစုံ နဲ့ စိတ်လှုပ်ရှားဖွယ်တင်ဆက်ထားပါတယ်။ မင်းသမီး ကို မင်းသားရဲ့ စိတ်လှုပ်ရှားဖွယ် ကယ်ဆယ်မှုတွေကို မရိုးအီအောင် မြင်ရပြီး အချစ်အတွက် စွန့်လွှတ်အနစ်အနာခံမှုတွေကိုလဲ ရသမြောက်စွာခံစားရပါလိမ့်မယ်။
ကျွန်တော့် ရဲ့ ပထမဦးဆုံး 3D Feeling ခံစားခဲ့ရတဲ့ ဇာတ်ကားကို ကျွန်တော့် အမေ သွားပြမိလို့ 3D TV ဝယ်ခိုင်းထားတဲ့ မျှော်လင့်ချက်လေးဟာလဲ သဲထဲရေသွန်ဖြစ်ရတဲ့ မှတ်မှတ်ရရ အမှတ်တရတွေ ရှိခဲ့တဲ့ ဇာတ်ကားလည်းဖြစ်နေတဲ့အတွက် ကျွန်တော်ကိုယ်တိုင် ခံစားဘာသာပြန်ပေးလိုက်ပါတယ် ။
ကျေးဇူးတင်ပါတယ် ခင်ဗျာ။(ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်သူကတော့ Sai ZIn Min ပဲ ဖြစ်ပါတယ်)
File Size : 1 GB
Quality : Blu ray 720P
Running Time : 2 hr 23 minute
Format : Mp4
Genre : Horror,Mystery,Thriller
Encoder : Joker.phs
နမူနာလေးကြည့်ရန်
DOWNLOAD BIGSIZE
DOWNLOAD SMALL-SIZE


No comments :
Post a Comment