ဒီကားလေးက တော့ ရုပ်ရှင်ပရိသတ် တွေ အသည်းစွဲ စတီဗင်ချောင် ရဲ့ ကားဟောင်းလေးပါ။ 1995 ထဲက ဆိုတော့ အတော်များများ သိပြီးသား ဖြစ်မှာပါ။ သို့သော်လည်း မြန်မာ စာတန်း ထိုးလေးနဲ့ ဆိုတော့ တမျိုးတမည် အရသာ ပို ရှိသွားတာပေါ့ဗျာ။ old but gold လေ။ တော်တော်လေးလည်း ရယ်ရပါတယ် Lee Chak Sing အဖြစ် သရုပ်ဆောင် ရတဲ့ စတီဗင်ချောင် ဟာ ဒီကား မှာသန်းကြွယ်သူဌေးသားတစ်ယောက်ပါ။ လူတွေ အပေါ် ကစား တတ်တဲ့ ခပ်ဆိုးဆိုး ကောင်လေးပေါ့။ အဲ့ကောင်လေးဟာ Chung Chung ဆိုတဲ့ ကောင်မလေး နဲ့ တွေ့ချိန်သူမှာ သူ့ခံယူချက်တစ်ချို့ ပြောင်းလဲသွားပါတော့တယ်။ တစ်ချိန်တည်းမှာ သူ့ဘဝ အလှည့်အပြောင်း တွေ လည်း ကြုံ ရပါတော့တယ်။ သူ့အမေ ကိုယ်တိုင် သူ့ကို ဝန်ခံ လိုက်တာက
သူ့အဖေအရင်း ဟာ သူ့ရဲ့ လက်ထောက် သစ္စာရှိ အတွင်းရေးမှူး Tat ဖြစ်နေတာပါ။ ဒီမှာ Lee တစ်ယောက် အကြပ် ရိုက်ပါပြီ။ အဖေအရင်း ကို အဖေ အဖြစ် လက်ခံ လိုက်ရင် ရမယ့် အမွေ အကုန် ဆုံးရှူံး မယ်။ ဒါမှ မဟုတ် အဖေ အရင်း မဟုတ်တဲ့ သူဌေးကြီး ကိုပဲ အဖေ ဆက်ခေါ် မလားတနေ့မှာ နာမည်ကြီး လူဆိုး တစ်ယောက်နဲ့ ငြိပြီး Sing ရော Tat ပါ လူဆိုးတွေ လက်ထဲ ရောက်သွားပါတော့တယ်။ အဲ့လို နဲ့ ပဲ ပြဿနာ ကြီးပဲ Sing တစ်ယောက် ပေါက်ကွဲမှူ တစ်ခုကနေ သေလုမျောပါး ဒဏ်ရာ ရသွားပါတော့တယ်။ ခန္ဓာကိုယ် အစိတ်အပိုင်း တော်တော် များများ ပျက်ဆီး သွားတဲ့ အတွက် ပြန်လည် ခွဲစိတ်ပြုပြင်ဖို့ ဒေါ်လာ သန်းပေါင်းများစွာ လို လာပါလေရော။ ခက်တာ က သူက သူ့အဖေ အရင်းကို ကြေငြာပြီးနောက် ရှိသမျှ စည်းစိမ်တွေ အကုန် ပြုတ်သွားတာပါ။ သူ့အဖေ အရင်း Tatက လည်း ဈေးပေါပေါ ဆရာဝန် နဲ့ အကျဉ်းချူံး ကုသပေးလိုက်တာ အာရုံကြောတွေ လွဲပြီး လူလိုလို cyborgလိုလို ဖြစ်သွားပါတော့တယ်။ သူ့ကို ဒုက္ခ ပေးခဲ့တဲ့ လူဆိုး ကို လှည့်စားဖို့ သူ့ကိုယ်သူ သေပြီ လို့ သတင်းလွှင့်လိုက်ပါသေးတယ်။ ဒီနောက်ပိုင်း မှာ ဘာတွေ ဆက်ဖြစ်မယ် ဆိုတာကို တော့ ဆက်လက် ရှူစား ကြပါလို။ဒီဇာတ်ကားကြည့်ပြီး တစ်နေ့တာ အမောတွေ ပြေနိုင်ပါစေလို့လဲ ဆုတောင်းပေးလိုက်ပါတယ်...(ဇာတ်ကားအညွန်းရေးသူကတော့ Kaung Myat Thu ပဲ ဖြစ်ပါတယ်)
File Size : 95 MB
Quality : Blu ray 720P
Running Time : 1hr 32 minute
Format : Mp4
Genre : Action, Comedy, Fantasay
Encoder : Joker.phs
နမူနာလေးကြည့်ရန်
DOWNLOAD BIGSIZE
DOWNLOAD SMALL-SIZE



No comments :
Post a Comment