Nasa ရဲ့ အင်္ဂါဂြိုလ်ပေါ်စူးစမ်းလေ့လာရေး ခရီးစဉ်ကိုအခြေခံပြီး ရိုက်ကူးထားတဲ့ ယခုဇာတ်ကားဟာ IMDb rating 8.2/10 ထိတောင်ရရှိထားတဲ့ ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဇာတ်ကားထဲက တစ်ချို့တစ်ဝက်ကိုပြောပြရရင် အဂါင်္ဂြိုလ်ပေါ်ကို လေ့လာမှုပြုလုပ်နေတုန်း ကြောက်ဖို့ကောင်းတဲ့ မုန်တိုင်းကြီးတစ်ခုဝင်လာမှုကြောင့် အင်္ဂါဂြိုလ်ကို စွန့်ခွာရမယ့် အခြေအနေပါ။ မစွန့်ခွာခင် အဖွဲ့ရဲ့ခေါင်းဆောင် ဗိုလ်မှုးနဲ့သူ့အဖွဲ့သား၃ ယောက်တို့ MAV ကို မလဲအောင် ထိန်းထားခဲ့ဖို့ ကြိုးစားရာကနေ ဒီဇာတ်လမ်းရဲ့ ဇာတ်ကောင် ဇာတ်လမ်း စတင်ပါတော့တယ်။မုန်တိုင်းကြားထဲမှာ
Accident ဖြစ်မှုကြောင့် ကျန်နေခဲ့ရတဲ့ မာခ်ဝပ်နေ . သတိရရချင်းပဲ အဂါင်္ဂြိုလ်(Mars)ပေါ်မှာ တစ်ယောက်ထဲ ကျန်နေခဲ့မှန်းသိလိုက်ရပါတယ်။ အဲ့အတွက် သူ့အသက်မသေခင်ဂြိုလ်ပေါ်ကျန်နေခဲ့တဲ့ အစားအသောက်ရိက္ခာကိုတွက်ချက်တဲ့အခါလုံလောက်မှုမရှိမှန်းသိတဲ့အတွက်သူတတ်မြောက်ခဲ့တဲ့ပညာနဲ့ အဂါင်္ဂြိုလ်ပေါ်မှာ အာလူးပင်တွေစိုက်ဖို့ကြံပါတော့တယ်။ စနစ်တကျပီပီပြင်ပြင် အပင်စိုက်ပြသွားတာဟာ nasa အဖွဲ့ရည်မှန်းချက်ကိုထုတ်ပြသွားတယ်လို့ပြောရမလားပဲ အပင်တွေဖြစ်မြောက်အောင်မြင်ခဲ့ပြီး သူ့အတွက်ရိက္ခာပမာဏကို တိုးမြှင့်နိုင်ခဲ့ပါတယ်။World မဟုတ်ဘဲ Mars ပေါ်ဖြစ်နေတဲ့အတွက်ကြုံခဲ့ရတဲ့ အခက်အခဲများဟာသာမန်လူတစ်ယောက်အတွက်တော့ ကြောက်ရွံ့တုန်လှုပ်တဲ့စိတ် နဲ့တင် အရှုံးပေးလက်မြှောက်လောက်ပေမယ့်ဝပ်နေကတော့အခက်အခဲတွေကိုလက်တွေ့ကျကျကျော်ဖြတ်ပြသွား
တာဟာတကယ့်ကိုအံ့မခန်းပါပဲ။ကမ္ဘာမြေပေါ်ကပညာရှင်တွေကလည်းဝပ်နေးကိုအဂါင်္ဂြိုလ်ပေါ်က ပြန်လည်
ကယ်တင်ဖို့ အမျိုးမျိုးကြိုးစားခဲ့ကြတာဟာ လေးစားအတုယူဖို့ကောင်းလောက်ပါတယ်။ဒါပေမဲ့ ကမ္ဘာပေါ်ကကယ်ဆင်ရေးယာဉ်က အဂါင်္ဂြိုလ်ပေါ်ရောက်မယ့်အချိန်နဲ့ ဝပ်နေးရဲ့ ရိက္ခာကျန်ရှိရက်ဟာ ရက်ပေါင်းများစွာကွာဟနေတာကြောင့်ကယ်ဆင်ရေးယာဉ်မရောက်ခင်မှာပဲအစာပြတ်သေသွားနိုင်တာကြောင့် ပညာရှင်တွေအကြပ်ရိုက်နေတုန်းလူငယ်လေးတစ်ယောက်ရဲ့အတွေးခေါ်တစ်ခုကနေအကောင်းဆုံးနဲ့စွန့်
စားမှုတွေအပါအဝင် မာခ်ဝပ်နေးကို အမြန်ဆုံးကယ်တင်နိုင်မယ့် နည်းလမ်းကိုရခဲ့ပါတယ်။ အဲ့တော့ ဘယ်လိုမျိုးများ စွန့်စားကြမလဲဆိုတာကို ဇာတ်လမ်းထဲမှာသာခံစားကြည့်ရှုကြပါ။
ဒီကားရဲ့ IMDb rating 8.2 ဆိုတာကိုလည်း မမေ့ကြနဲ့ဦးနော်။(ဒီဇာတ်လမ်းကို CM Team မှ ညီလေး Wai Yan M မှ ဘာသာပြန်ပေးထားပါတယ်။ )2016 အတွက် ပထမဦးဆုံး တင်မယ့် ပွဲဦးထွက်ကားလေးပါ။ ဒီနေ့မှာပဲ နောက်ထပ် 2016အတွက် အရမ်းကိုကောင်းမွန်တဲ့ ပရိတ်သက်ကြီးလည်းမျှော်လင့်နေတဲ့ ဒုတိယပွဲဦးထွက် ကားလေးတစ်ကားလာပါဦးမယ်။ Ko HaDes လက်စွမ်းပြထားတဲ့ကားလေးပါ။
အားလုံးပဲ နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ ရှေ့ခရီးဆက်လှမ်းနိုင်ကြပါစေ။@ San Win Maung
1080P HD Quality : 1.3 Gb
720P HD Quality : 999 Mb
360P Small HD Quality : 499 Mb
Running Time : 2h 21m
IMDb rating : 8.2/10
Translated : Wai Yan M
Encoded : San Win Maung
နမူလေးကြည့်ရန်
DOWNLOAD BIGSIZE
DOWNLOAD SMALL-SIZE
DOWNLOAD MOVIE

No comments :
Post a Comment