ဝီစလေ ဂစ်(ဘ်)ဆင် [James McAvoy] ဆိုတဲ့ လူငယ်လေးဟာ ချီကာဂို မြို့ ထဲကကုမ္ပဏီတစ်ခုမှာ ဘာတက်လမ်းမှ မရှိတဲ့ စားရင်းကိုင် အလုပ်လေးတစ်ခုအတွက်နဲ့ သူတစ်ပါးကို ပေးထားတဲ့ လုပ်ခလစာနဲ့ မတန်အောင် မတရားခိုင်းစေပြီး မိမိကိုယ်တိုင်ကတော့ ဘာအလုပ်မှမလုပ်တဲ့ အထက်လူကြီးတစ်ယောက်ရဲ့ လက်အောက်မှာ အလုပ်လုပ်ကိုင်ရပါတယ်...တစ်နေ့ မှာတော့ ဂစ်(ဘ်)ဆင် တစ်ယောက် သူ့ ရဲ့ အတူနေချစ်သူကသူ့ အပေါ်သစ္စာမရှိပဲ သူရဲ့ အခင်ဆုံး သူငယ်ချင်းတစ်ယောက်နဲ့ 
ဖောက်ပြန်တာကြောင့်စိတ်အာရုံထွေပြားပြီး ခေါင်းကိုက်နေတာကြောင့်သူကိုယ်တိုင်အတွက်ခေါင်း
ကိုက်ပျောက်ဆေးနဲ့ အတူ သူ့ ချစ်သူအတွက်သန္ဓေတားဆေးပါ ၀ယ်နေတဲ့အချိန် ဆေးဆိုင်လေးမှာ ...
ဖော့(စ်) [Angelina Jolie] ဆိုတဲ့ အမျိုးသမီး တစ်ယောက်နဲ့ တွေ့ ဆုံခဲ့တယ်ဖော့(စ်) က ၀ီစလေရဲ့ ဖခင် ကို သူမ သိကြောင်း ယမန် နေ့ ညကသူ့ အဖေ အသတ်ခံရကြောင်းနဲ့  သူ့ အဖေကို သတ်တဲ့ လူသတ်တရားခံကသူ့ နောက်ကို လိုက်နေကြောင်း ပြောပြပေမဲ့ သာမန် လူရိုးသားလေး ဂစ်(ဘ်)ဆင်
အဖို့ တော့ ဒီကိစ္စကြီးဟာ လက်မခံနိုင်စရာ ဖြစ်နေပါတယ်... ဒီလိုနဲ့  ဖော့(စ်) ဟာ ဂစ်(ဘ်)ဆင် ကို အန္တရာယ်ကြားမှ ကယ်တင်ခဲ့ပြီးသူတို့ စခန်းရှိရာကို ခေါ်သွားပါတယ်အဲ့ဒီနေရာမှာတော့ သူဟာ လျှို့ ဝှက် အဖွဲ့ အစည်းရဲ့ ခေါင်းဆောင် ဆလိုအန် [Morgan Freeman] နဲ့ တွေ့ ဆုံခဲ့ရပြီး ဆလိုအန် က
ဂစ်(ဘ်)ဆင် မှာလည်း သူ့ ဖခင်လိုပဲ စွမ်းဆောင်ရည်များရှိကြောင်းပြောပြပြီး သူကိုယ်တိုင် သိရှိအောင်လည်း လက်တွေ့ စမ်းသပ်ပြလိုက်ပါတယ်ဒါပေမဲ့ ဂစ်(ဘ်)ဆင် တစ်ယောက် လက်မခံနိုင်ပဲ ဒေါသတစ်ကြီးနဲ့ ထွက်သွားရာမှနောက်နေ့ မှာတော့ သူပိုင်ဆိုင်ထားတဲ့ သာမန် လူနေမှုဘ၀ကိုစွန့် ပစ်ပြီးလျှို့ ဝှက်အဖွဲ့ အစည်းနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်...လျှို့ ဝှက်အဖွဲ့ အစည်းကတော့ ၀ီစလေ ရဲ့ ပျော့ညံ့တဲ့ စိတ်ဓာတ်တွေကိုသူတို့ ရဲ့ ရက်စက်ကြမ်းကြုတ်လှတဲ့ ပြန်လည်ပြုပြင်ရေးတွေနဲ့ 
စိတ်ဓာတ်ခိုင်မာလာအောင် လေ့ကျင့်ပေးခဲ့ပါတယ်...ဒီနောက်ပိုင်းမှာတော့ ၀ီစလေ ဟာ မြောက်မြားစွာသော စစ်ဆင်ရေးတွေမှာပါဝင်ခဲ့ပြီး သူကိုယ်တိုင်လည်း သူ့ ဖခင်လို တိုက်ခိုက်ရေး သမားတစ်ယောက်ဖြစ်လာခဲ့ပါတယ်ဝီစလေ ဟာ အခက်အခဲများစွာထဲကမှ သူ့ ရဲ့ အသက်ကိုရင်းပြီး
ဒဏ်ရာတွေအကြိမ်ကြိမ်ရရင်းစစ်ဆင်ရေး အောင်မြင်ဖို့ သူတတ်စွမ်းနိုင်တာထက်ပိုပြီးသူ့ ဘ၀ကိုပေးဆပ်ရင်း အဖွဲ့ အစည်းအတွက် အလုပ်လုပ်ပေးခဲ့ပုံများကိုရသစုံလင်စွာ ရိုက်ကူးတင်ဆက်ပေးထားတဲ့ အက်ရှင် ဇာတ်ကြမ်း တစ်ကားဖြစ်တာကြောင့်အက်ရှင် ဇတ်ကြမ်းများ ကြိုက်နှစ်သက်သူ များအနေနဲ့ (လုံးဝ)x3 လက်မလွှတ်သင့်တဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်...(ဘာသာပြန်သူကတော့ MT(UCSY) ဖြစ်ပြီး အညွန်းရေးပေးသူကတော့ Carey Neyinပဲ ဖြစ်ပါတယ်)
File Size : 790 MB
Quality : Blu ray 720P
Running Time : 1hr 50 minute
Format : Mp4
Genre : Action, Crime, Fantasy
Encoder : Joker.phs
နမူနာလေးကြည့်ရန်
DOWNLOAD BIGSIZE
DOWNLOAD SMALL-SIZE
No comments :
Post a Comment