ဒီနေ့တော့ တရုတ်ပြည်ရဲ့ ခမ်းနာကြီးကျယ်မှုကိုရိုက်ကူးပုံဖော်ထားတဲ့ 2006 ခုနှစ်ရိုက်ထားတဲ့ Curse of The Golden Flower (ဂန္ဒမာပန်းရဲ့ကျိန်စာ) ဆိုတဲ့ရုပ်ရှင်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဒီကားကို ကျွန်တော်ကိုယ်တိုင် ပထမဆုံးတစ်ကြိမ်ကြည့်လိုက်ကတည်းကနေ အကြိမ်ကြိမ်အခါခါ ကြည့်မိတဲ့ ဇာတ်ကားတစ်ကား ဖြစ်သလို အကြိုက်ဆုံး ဇာတ်လမ်းထဲကိုထည့်ထားတဲ့ရုပ်ရှင်လည်းဖြစ်ပါတယ်။ တရုတ် ရုပ်ရှင်ရိုက်ကူးရေးသမားတွေဟာ တရုတ်ပြည်ကိုအကြီးအကျယ်ဆုံး ပြည်ထောင်စုကြီးတစ်ခုအဖြစ်နဲ့ ပုံဖော် ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါ့အပြင် သေနင်္ဂဟဗျူဟာခင်းပုံ၊စီမံခန့်ခွဲ့ပုံတွေကိုရိုက်ပြထားချက်က တော့
သာမန်သိုင်း၊စစ်ပွဲ၊နန်းတွင်းဇာတ်လမ်းကိုမကြိုက်တဲ့သူတွေ တောင်ရင်သပ်ရှုမောဖွယ်ကားတစ်
ကားဖြစ်သွားမယ်လို့ ပြောချင်ပါတယ်။
ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့928 အေဒီမှာတရုတ်ပြည်ရဲ့ဘုရင်မင်းမြတ်(မင်းသားကြီးချောင်ယွန်ဖတ်) ကအုပ်စိုးခဲ့ပါတယ်။ရက်စက်တတ်တဲ့ဘုရင်ကြီးကသူ့မိဖုရားကို နေ့စဉ်ရူးသွပ်သွားနိုင်တဲ့ဆေးတွေခပ်ခဲ့ပါတယ်။ မိဖုရားကလည်း ဘုရင်ကြီးရဲ့ အရင်မိဖုရားနဲ့ရတဲ့သား အိမ်ရှေ့မင်းသားနဲ့ ဖောက်ပြန်နေတာဖြစ်သလို အိမ်ရှေ့မင်းသားကလည်း သမားတော်ကြီးရဲ့ သမီးချောလေးကိုပါထပ်မံသဘောကျကာ ထွက်ပြေးဖို့ကြိုးစား နေခဲ့ပါတယ်။ မိဖုရားရဲ့ သားအရင်းကလည်း မယ်တော်အဆိပ်ခပ်ခံနေရတာကို သိလိုက် ရတဲ့အခါ ဘုရင်ကြီးကိုပုန်ကန်ဖို့ကြိုးစားပါတော့တယ်။ ဒီအခါမှာ ပုန်ကန်တာအောင်မြင်ပြီး ဘုရင် ကြီးကို လုပ်ကြံနိုင်မှာလားဆိုတာကို ရင်တမမနဲ့ကြည့်ရမှာပါ။ မထင်မှတ်တဲ့ဇာတ်ကွက်နဲ့အတူ စီးမျောလိုက် ပါနိုင်ဖို့ ဒေါင်းလုပ်ဆွဲကြည့်ရှုလိုက်ပါခင်ဗျား။တစ်ချို့အခန်းတွေမှာ18+အနည်းငယ်ဆန်နေတာမို့လို့သတိ
ထားကြည့်စေချင်ပါတယ်။
Name - Curse of The Golden Flower
IMDB Rating - 7/10
Rotten Tomatoes Rating - 70%
Language - Chinese
Subtitle - Myanmar
Run time - 1 Hr 54 Min
Quality - 480 P
File Size - 794 MB
နမူနာလေးကြည့်ရန်
DOWNLOAD MOVIE
Thz
ReplyDeleteBro ChanMyae