ဒီဇာတ်ကားကို ချမ်းငြိမ်း-မှော်ဝန်း ရဲ့ Admin တယောက်ဖြစ်တဲ့ Admin@K.M.A ကနေ
ကျနော့်မွေးနေ့အမှတ်တရအတွက်ရည်ရွယ်ပြီးဘာသာပြန်ပေးခဲ့တာပါ..ဒါပေမယ့်အခြားအရေး
ကြီးတဲ့ လူမှုရေးကိစ္စတွေပေါ်ပေါက်လာခဲ့လို့ ကျနော့် မွေးနေ့ထက် ၄ ရက်လောက်
နောက်ကျပြီးမှတင်ပေးဖို့အခြေအနေဖြစ်သွားရပါတယ်..ဇာတ်လမ်းကတော့...တမန်တော်မိုဇက်

ကအီဂျစ်တွေလက်ထဲက(ဟီးဘရူးစ်)ဂျူးတွေကိုယနေ့အစ္စရေးနိုင်ငံရှိရာကိုပင်လယ်ပြင်ကိုဖြတ်ပြီး
ကယ်တင်ခဲ့တဲ့ သမိုင်းကို ရုပ်ရှင်အဖြစ် ခံစားရမှာပါ.. ဒီဇာတ်လမ်းမှာ... မိုဇက်ဟာ သူ့ကိုယ်သူ ဟီးဘရူးစ်လို့ မသိသလို ဟီးဘရူးစ် တွေကို ကျွန်ပြုထားတဲ့ အီဂျစ်လူမျိုးတွေက လဲ မိုဇက်ကို
ဟီးဘရူးစ်လို့ မသိကြပါဘူး။ မိုဇက်က အီဂျစ်ဘုရင်ရဲ့ တူတော် စစ်သူကြီးဖြစ်ပြီးအီဂျစ်ဘုရင်ရဲ့ သားတော် ရာမက်စီးစ်နဲ့လက်တွဲပြီးတိုက်ပွဲတွေကို အောင်မြင်ခဲ့သူဖြစ်သလိုမိုဇက်နဲ့ရာမက်စီးစ် ဟာလည်းညီအကိုတွေအဖြစ်ချစ်ခင်ကြတယ်..။မိုဇက်ဟာပိုက်တန်မြို့တော်မှာတည်ဆောက်နေတဲ့

ဆောက်လုပ်ရေးလုပ်ငန်းခွင်ကိုသွားရောက်စစ်ဆေးရာကနေဇာတ်လမ်းကစိတ်ဝင်စားစရာ
ဖြစ်လာပါတယ်.. ။အဲဒီမှာ မိုဇက်ကို တွေ့သွားတဲ့ ဟီးဘရူးစ် လူမျိုးအကြီးအကဲတွေက မိုဇက်ကို သူတို့နဲ့ လာတွေ့ဖို့ ကမ်းလှမ်းတာကိုမိုဇက်ကယုံယုံကြည်ကြည်နဲ့ပဲသွားတွေ့ပါတယ်။
((အဲဒီမှာဟီးဘရူးစ်အဘိုးကြီးက ပြောပြတာက))မင်းမွေးတဲ့ နှစ်တုန်းကကျုပ်တို့အတွက်

ခေါင်းဆောင်တစ်ယောက်မွေးမယ်လို့ကြိုတင်ဟောကိန်းထုတ်ခဲ့တယ်ကျုပ်တို့အချုပ်အနှောင်ကနေ လွတ်မြောက်ဖို့ပေါ့..။အဲဒီအချိန်မှာ နန်းတွင်းကနေ အမိန့်ထုတ်ပြန်လိုက်တယ် ပထမဆုံး မွေးတဲ့ ဟီဘရိုးစ် ယောက်ျားလေးတွေကိုသတ်ခိုင်းတယ်။((မြန်မာသမိုင်းထဲကကျန်စစ်သားမွေးတုန်းကလိုပေါ့)) မင်းမိဘတွေကဒီလိုဖြစ်ဖို့မစောင့်နေနိုင်ဘူးမင်းအသက်ရှင်ဖို့ဘယ်အခွင့်အရေးကမှနည်းလမ်းကောင်းအဖြစ်မရှိခဲ့ဘူး..ဒါပေမယ့်
မင်းအစ်မကသူတို့လက်ထဲမထည့်ချင်တော့မင်းကိုခြင်းတောင်းထဲထည့်ပြီး မြစ်ထဲမျှောဖို့လုပ်တယ်။
ရေထဲမြုတ်သွားမှာလဲသိနေတယ်။အဲဒီမှာပီရစ်ရက်ပရီမာရဲ့သမီးဘစ်တီယား ရေချိုးနေတုန်းနဲ့ တွေ့သွားပြီး
ဘစ်တီယားကမင်းနဲ့မင်းအစ်မမာရီယန်ကိုခေါ်သွားပြီး မွေးစားခဲ့တာပေါ့သူမကမင်းကိုတော်တော်လေးချစ်တော့
ဘာမှမပြောပြခဲ့ဘူးဘယ်သူ့ကိုမှလဲအမှန်ကိုမပြောပြဘူးတကယ်တော့မင်းကဟီဘရိုးတစ်ယောက်ပဲ တဲ့..ဒါပေမယ့်မိုဇက်ဟာဒါကိုလုံးဝမယုံကြည်ခဲ့ဘူး..နောက်တော့ရာမက်စီးစ်အီဂျစ်ဘုရင်ဖြစ်လာပြီး
အဲဒီကိစ္စသတင်းရသွားတယ်..မိုဇက်ရဲ့အစ်မမာရီယန်ကိုဒီကိစ္စအတင်းအကျပ်ဝန်ခံခိုင်းခဲ့ရာကနေ
မိုဇက်နယ်နှင်ဒဏ်အပေးခံရတယ်..။အဲဒီနောက်တော့...ကိုယ်တိုင်ကြည့်ဖို့သိပ်ကောင်းပါတယ် ..။ဒီနေရာမှာကြိုတင်အသိပေးလိုတာကဘာသာပြန်တဲ့(K.M.A)ဟာခရစ်ယာန်ဘာသာဝင်မဟုတ်တဲ့ အတွက်သူနဲ့မရင်းနှီးတဲ့အမည်တွေကိုအသံဖလှယ်ရာမှာ..သက်ဆိုင်ရာဘာသာဝင်တွေအတွက်
အမြင်မတော်စရာရှိရင် နားလည်ပေးကြဖို့ မေတ္တာရပ်ခံ ပါရစေ...ဘာသာရေးကို အလေးပေးတဲ့ ဇာတ်ကားဖြစ်ပေမယ့်Action,Adventure,Dramaအမျိုးစားမို့သိပ်ပြီးကြည့်သင့်တဲ့ဇာတ်ကားကောင်းတကားပါပဲ..