Ads

ချမ်းမြေ့နည်းပညာ{သိမ်ဇရပ်သားလေး}ဆိုဒ်လေးသို့အခု့လိုလာရောက်အားပေးမှု့ကိုအရမ်းကျေးဇူးတင်ပါသည်ခင်ဗျာ.....
ကြိုက်နှစ်သက်သည့်အရောင်ဖြင့်ပြောင်းကြည့်ရန်

Video

Google Search Bar

မန်ဘာဝင်ခဲ့ရန်ဖိတ်ခေါ်ပါတယ်...ပို့စ်အသစ်တင်တိုင်းမိမိတို့ရဲ့ GMAIL ထဲကိုရောက်ရှိနေမှာပါ...

27 July 2015

ချမ်းမြေ့နည်းပညာ(သိမ်ဇရပ်သားလေး) Into The Woods (2014)မြန်မာစာတန်းထိုး

ချမ်းမြေ့နည်းပညာ(သိမ်ဇရပ်သားလေး)


ဝါ့ဒစ်စနေက ထုတ်လုပ် ထားတဲ့ စိတ်ကူးယဉ်ဟာသဒရာမာ ဇာတ်ကားသစ်လေးအကြောင်း ဖော်ပြလိုက်ပါတယ်။ ကာတွန်းဇာတ်လမ်းလေးကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးဖြစ်လို့ ပုံပြင်လေး အသက်ဝင်လာသလို ခံစားရမှာပါ။

မုန့်ဖုတ်သမားဇနီးမောင်နှံဟာ ရင်သွေးလိုချင်ကြပေမယ့် မုန့်ဖုတ်သမားမိသားစုကို စုန်းမ ကြီးက ကျိန်စာတိုက်ထားတာကြောင့် ကလေးမရကြပါဘူး။ မုန့်ဖုတ်သမားကို ကိုယ်ဝန်ဆောင် ထားချိန်တုန်းက သူ့ရဲ့အဖေဟာ စုန်းမကြီးရဲ့ ဥယျာဉ်ကို လုယူတယ်ဆိုပြီး အငြိုးထားကာ ကျိန်စာတိုက်ထားခဲ့တာဖြစ်ပြီး အကယ်၍ ကလေးလိုချင်တယ်ဆိုရင် နွားနို့လိုဖြူဆွတ်နေတဲ့နွား၊ သွေးရောင်လိုနီရဲနေတဲ့ အပေါ်
ဝတ်ရုံရှည်၊ ပြောင်းဖူးလိုဝါနေတဲ့  ဆံပင်နဲ့ ရွှေသားစစ်စစ်နဲ့ လုပ်ထားတဲ့ ဖိနပ်တို့ပေးရမယ်လို့ ဆိုထားပါတယ်။ဒီဇာတ်လမ်းထဲမှာဂျက်နဲ့ပဲပင်ဇာတ်လမ်းထဲကဂျက်ရယ်၊၀တ်ရုံနီနတ်သမီးလေးရယ်၊ ရွှေရောင်
ဆံပင်တွေပိုင်တဲ့ ရီပွန်ဇယ်ရယ်၊ ရွှေဖိနပ်ကလေးကို ပိုင်တဲ့ စင်ဒရဲလားတို့လည်း ပါဝင်ပါသေးတယ်။ ဂျက်ဆီကနေ အဖြူရောင်နွား၊ ၀တ်ရုံနီနတ်သမီးလေးရဲ့ ပတ္တမြားရောင်တောက်နေတဲ့ ၀တ်ရုံရှည်၊ ရီပွန်ဇယ်ဆီက ရွှေ ဆံပင်နဲ့ စင်ဒရဲလားဆီက ရွှေဖိ နပ်ယူဖို့အတွက် မုန့်ဖုတ်သမား ဇနီးမောင်နှံကို သူတို့တွေနဲ့ စုန်းမ ကြီးက ဆက်သွယ်စေပါတယ်။နောက်ဆုံးမှာတော့ စုန်းမ ကြီးလိုချင်တဲ့ အရာတွေအားလုံး ကို ပေးနိုင်ခဲ့တဲ့အတွက် မုန့်ဖုတ် သမား ဇနီးမောင်နှံဟာ သားလေး တစ်ဦး ရရှိခဲ့ပါတယ်။ ပုံမှန်ဆိုရင် ဂျက်တို့၊ စင်ဒရဲလားတို့ပါတဲ့ ဇာတ်လမ်းလေးတွေက ပျော်ရွှင် စရာတွေနဲ့ အဆုံးသတ်ကြပေမယ့် ဒီဇာတ်ကားမှာတော့ ပြောင်းပြန် အနေအထားနဲ့ တွေ့ရမှာပါ။ပျော်စရာတွေက ဘယ်လို အဆုံးသတ်တွေ ပြောင်းသွားမှာလဲ။ စုန်းမကြီးကကော ဘယ်လိုတွေ ကျိန်စာတိုက်ပြီး ဒုက္ခပေး သလဲဆိုတာတော့ ကိုယ်တိုင်ခံစား ကြည့်လိုက်ပါဦး။ဒီဇာတ်ကားထဲမှာ နာမည် ကျော် သရုပ်ဆောင်တွေဖြစ်တဲ့ မယ်ရယ်စထရိ၊ အမ်မလီဘလန့်၊ ဂျိမ်းစ်ကော်ဒန်၊ ဂျော်နီဒပ်၊ အန် နာကန်ဒရစ်တို့ ပါဝင်ထားတာမို့ ပရိသတ်တွေ အကြိုက်တွေ့ကြ ဦးမှာပါ။  Johnny Depp ရဲ့ဇာတ်ရုပ်ကိုတော့ မြှုပ်ကွက်လုပ်ထားသေးတယ်။IMDB Rating 6 အထိရထားသလို Musical  ဇာတ်ကားမျိုး ကြိုက်တဲ့ပရိသတ်တွေအတွက် သဘောကျစေမဲ့ဇာတ်ကားပါ။


DOWNLOAD BIGSIZE
ချမ်းမြေ့နည်းပညာ(သိမ်ဇရပ်သားလေး)

DOWNLOAD SMALLSIZE
ချမ်းမြေ့နည်းပညာ(သိမ်ဇရပ်သားလေး)