မြန်မာပြည်ကြီးပြောင်းလဲဖို့အချိန်တန်ပါပြီ...(အမေစုကိုယ်တိုင်ရေးစပ်သီကုံးထားတဲ့ NLD ကိုမဲပေးစို့ပါ)
ကျွန်တော်သည်မြန်မာနိုင်ငံသားတစ်ယောက်ဖြစ်သည်နှင့်အညီစကားလေးနဲနဲတော့ပြောချင်မိတယ်...
အခုဆိုရင်ကျွန်တော်တို့ရဲ့အမိနိုင်ငံဖြစ်တဲ့ နိုင်ငံတကာကလူသိများလှတဲ့ ရွှေနိုင်ငံလို့ခေါ်ဝေါ်သုံးနှုန်းခဲ့တဲ့
မြန်မာနိုင်ငံကြီးဟာမကြာတော့မဲ့အချိန်လေးမှာပြောင်းလဲဘို့လမ်းစကိုဦးတည်နေပြီဖြစ်ပါသည်...ကျွန်တော်တို့ရဲ့
နိုင်ငံဟာအနှစ်ခြောက်ဆယ်လုံးလုံးကိုစစ်အစိုးရရဲ့လက်အောက်မှာတုတ်တုတ်လေးမျှမလှုပ်ရဲတဲ့အခြေအနေ
နဲ့ရင်ဆိုင်ခဲ့ရတာကိုလူတိုင်းလူတိုင်းခံစားသိရှိပြီးသားပါ...မှတ်မိပါသေးတယ်...ကျွန်တော်တို့ငယ်ရွယ်စဉ်ကလေး
ဘဝက ဆိုရင်ပဲကြီးလှော်ငါးပြားဖိုးဆိုရင် (ခါးပှိုက်)တစ်လုံးအပြည့်ရပါတယ်...အခုဆိုရင်ငါးပြားဖိုးမပြောနဲ့
လက်ထဲမှာပိုက်ဆံသုံးထောင်ရှိတာတောင်မိသားစုတွေထမင်းငတ်ခဲ့ရတာအကြိမ်ပေါင်းမနည်းတော့ပါဘူးနော်
အခုဆိုရင်လည်းကျွန်တော်တို့မိသားစုတွေဟာတစ်စုတစ်ဝေးတည်းအတူတူမနေနိုင်ခဲ့တာဟာနှစ်နဲ့ချည်ပြီးတော့
ရေတွက်မယ်ဆိုရင်ဆယ့်ငါးနှစ်ဆိုတဲ့ကာလထဲမှာတောင်ရောက်ရှိနေပါပြီ...အဲဒါဘာဖြစ်လို့လည်းဆိုတော့ကိုယ့်
ရဲ့အမိနိုင်ငံဖြစ်တဲ့မြန်မာနိုင်ငံလို့ခေါ်တဲ့ရွှေနိုင်ငံကြီးမှာအလုပ်အကိုင်မရှိတဲ့အတွက်ကြောင့်သူများနိုင်ငံကိုလာပြီး
ကျွန်ခံနေရတဲ့ကျွန်တော်တို့ရဲ့ဘဝတွေပါ...အခုချိန်အထိလည်းပြန်လို့မနိုင်သေးပါဘူး...ဘာဖြစ်လို့လည်းဆိုတော့
မိသားစုရဲ့စားဝတ်နေရေးဟာအခုအချိန်အထိမပြေလည်သေးလို့ပါ...ကျွန်တော်တို့ရဲ့နိုင်ငံမှာပညာတတ်...ဘွဲ့ရတာတွေ
ဟာဒုနဲ့ဒေးပါ...မြန်မာနိုင်ငံမှာဘွဲ့ရပေမဲ့လည်းဆိုဒ်ကားနင်းစားနေရတဲ့ပညာတတ်တွေဟာလက်ညှိုးထိုးမလွတ်ပါ
အဲဒီလိုမျိုးရင်ဆိုင်ခဲ့ရတာတွေဟာရင်နှင့်အမျှပါ...ကျွန်တော်အမှန်တိုင်းဝန်ခံရမယ်ဆိုရင်ဒီစစ်ဆိုတဲ့အသံကိုမ
ကြားချင်တော့ပါဘူး...နိုင်ငံခြားမှာဆိုရင်မီးတွေဟာထိန်ထိန်ညီးလို့ပါ...ကိုယ့်နိုင်ငံဖြစ်တဲ့မြန်မာနိုင်ငံကြီးဟာဆိုရင်
တော့လျှပ်စစ်မီးတွေအလုံအလောက်ရှိရဲ့သားနဲ့မှောင်နေခဲ့တာဘယ်နှနှစ်လောက်ရှိပြီထင်ပါသလဲ...?
အခုအချိန်ထိကျေးလက်တောရွာတွေမှာဆိုရင်ရေနံဆီမီးခွက်(သို့)ဖယောင်းတိုင်တွေဟာသုံးနေရတုန်းပါ...အဲ
ဒါဟာလည်းဘယ်သူ့မှာတာဝန်ရှိပါသလဲ?ဟုတ်ပါပြီ...ဒါတွေကိုအစဖော်မယ်ဆိုရင်တစ်ထောင့်တစ်ညပုံပြင်လိုမျိုး
ဆုံးနိုင်မယ်မထင်ပါဘူးနော်...ပြောလိုက်ပါသေးတယ်...မြန်မာနိုင်ငံကြီးဟာစစ်အစိုးရမှမကယ်ရင်ချောက်ထဲကြ
တော့မှာတဲ့...အခုလည်းဘာမှမထူးပါ...ချောက်လေးကတောင်နည်းနည်းတိမ်မယ်လို့ထင်ပါတယ်...အခုဟာက
အရှင်လတ်လတ်အဝီစိငရဲခံနေရသလိုပါဘဲ...ဒီတစ်ခါဆိုရင်မကယ်ဘဲလွှတ်ချပေးလိုက်ဖို့တောင်းဆိုပါတယ်...
ကြသွားရင်လည်း ကိုဇဂနာပြောသလို ကိုယ့်ဟာကိုယ်ဘဲပြန်ပြီးကုတ်တတ်ပါရစေနော်...ကဲဒီလောက်ပါဘဲ
အခုကျွန်တော်နိဂုန်းချုပ်အနေနဲ့ပြောချင်တာကမြန်မာနိုင်ငံကြီးဟာတိုးတက်ဖို့လမ်းစ / မိသားစုတွေသိုက်သိုက်ဝန်းဝန်းနဲ့ပြန်ပြီးနေနိုင်ဘို့လမ်းစတွေကိုေ၇ာက်ရှိလာပါတော့မယ်...အဲဒါကြောင့်မြန်မာ
နိုင်ငံသားမှန်ရင်...အမေစုတို့ရဲ့အမျိုးသားလွှတ်တော်ဖြစ်တဲ့NLDပါတီကိုမဲပေးကြပါလို့တိုက်တွန်းချင်ပါတယ်
သူငယ်ချင်းတို့ရဲ့မဲတစ်မဲဟာနိုင်ငံတော်ကြီးကိုအများကြီးပြောင်းလဲပစ်နိုင်တယ်ဆိုတာကိုတော့သတိပြု ကြ
ပါ...အခုဒီစာလေးကိုရေးလိုက်ရတာခံစားချက်တွေကိုဖွင့်ထုတ်မိသွားလို့တော်တော်ကြီးကိုကျေနပ်မိပါတယ်
သူငယ်ချင်းတို့လည်းကိုယ့်ရဲ့အမိအဖ-အဖိုး-တွေနဲ့တစ်စုတည်းဝေးတည်းအိုးမကွာအိမ်မကွာနေချင်တယ်ဆို
ရင် အစ်မေစုကိုမဲပေးကြပါလို့တိုက်တွန်းရင်းနဲ့နိဂုန်းချုပ်လိုက်ပါတယ်...မြန်မာနိုင်ငံသားများအားလုံး...ကိုယ်
၏ကျန်းမာခြင်းစိတ်၏ချမ်းသာခြင်းသုခနှစ်ဖြာတို့နှင့်ပြည်စုံနိုင်ကြပါစေ....
မှတ်ချက်....ဒီအောက်ကဗွီဒီယိုဖိုင်လေးဟာအစ်မေစုကိုယ်တိုင်သီကုံးထားတဲ့သီချင်းဗွီဒီယိုဖိုင်လေးဖြစ်ပါတယ်...
တိုင်ရင်းသားများဝိုင်ဝန်းသီဆိုပေးထားတဲ့ဗွီဒီယိုဖိုင်လေးပါ...အားလုံးကျွန်တော့်ဆိုဒ်ကိုလာရောက်ကြတဲ့သူငယ်
ချင်းများအားလုံးဒီဗွီဒီယိုဖိုင်လေးကိုကြည့်ဖြစ်အောင်ကြည့်သွားပါလို့တောင်းဆိုပါရစေ....
ဖုန်းနဲ့ကြည့်သူတွေအတွက် ဒီမှာ နှိပ့်ပြီးကြည့်ပါ...
မြန်မာပြည်ကြီးပြောင်းလဲဖို့အချိန်တန်ပါပြီ
Post by : ချမ်းမြေ့နည်းပညာ(သိမ်ဇရပ်သားလေး)