ဒီဇာတ်ကားလေးကတော့ နည်းနည်းလေးတော့ ဆန်း တယ် လို့ ဆို ရမှာပါ။ ဆန်းတော့လည်း အညွှန်း ကို ရေးမထိ လောက် အောင် ပါပဲ။ အဖေ နဲ့ သား ရဲ့ သံယောဇဉ်။ အဖေ ဖြစ်သူ အပေါ်သားတစ်ယောက်ရဲ့ ချစ်ခင်မှု။ ရုတ်တရုတ် အဖေ့ကို ဆုံးရှုံး လိုက်ရတဲ့ အခါ ဖြေမဆည်နိုင်ဖြစ်ရတဲ့ ခံစားမှု , စိတ်ခံစားမှု နဲ့ လိင်မှု, လူတစ်ယောက်မှာ လိင်မှုရေးရာ ဟာ ဘယ်လောက် အရေးပါတယ် ဆိုတာ ချပြထားတဲ့ ဇာတ်ကား ကောင်း တစ်ကားပါ။ စိတ်ပညာ အကြောင်းအရာ လိင်မှုရေးရာ အကြောင်းအရာ တွေကိုပါ ခပ်ပါးပါး လေး ပညာပေးထားတဲ့ ဇာတ်ကားလေးပါ။
အသက်အရွယ် ရလာတဲ့ အချိန် ယောက်ျားတစ်ယောက် ရဲ့ စွမ်းဆောင်ရည်တွေ အမြင့်ဆုံး ရောက်နေတဲ့ အချိန်အထိ Eloy ဟာ သူ့အလုပ်တွေနဲ့ သူ ရှုပ်နေခဲ့ပါတယ်။ ပြောရရင် အလုပ်က လွဲ လို့အခြား အရာတွေကို စိတ်မဝင်စားနိုင်ဘူးပေါ့။ ရူပဗေဒပညာတွေလေ့လာလိုက်မိဘလက်ငုတ်လက်ရင်းလေးတွေ ကူလုပ်ပေးလိုက်နဲ့ပေါ့။ ဒါပေမယ့် သင်္ခါရ လောက ကြီးရဲ့ လောကဓံ အတိုင်း တစ်နေ့မှာ သူ့ ဖခင် ဖြစ်သူ ရုတ်တရက် ဆုံးပါးသွားတာပါ။ဘယ်လိုမှ ဖြေမဆည် နိုင်တဲ့ အပြင် နဂိုထဲက အလုပ်ဒဏ် ပိ နေတဲ့ Eloyတစ်ယောက် ရောဂါ တစ်မျိုး ရ လာပါတယ်။ နေ့ခင်းဘက်တွေ ဆို ကြောင်စီစီ ဖြစ်နေတတ်ပြီး ညဘက်တွေဆို အိပ်လျက်လမ်းထထလျှောက်နေတတ်တာပါ။ သူ့အဖေ သူ့ဆီရောက်ရောက်လာတယ်လို့ အိပ်မက်လိုလိုမြင်မက်ရာက စတာပါပဲ။ ဒီလို လမ်းလျှောက် တတ်တာကလည်း သူ့ဘဝအတွက် အလှည့်အပြောင်း ဖြစ်လာပြီး ယောက်ျားတစ်ယောက် လူသားတစ်ယောက်ရဲ့ သာယာပျော်ရွှင် ဆိုတဲ့အရာ ကို အမှတ်မထင် တွေ့ရှိခဲ့ပါတယ်။ ဒီလို လမ်းလျှောက်လျှောက်မိရင်း Elvira ဆိုတဲ့ကောင်မလေး နဲ့ ဆုံတွေ့ခဲ့ပါတယ်။ သူက အိပ်ပျော်လျက် ဖြစ်နေပေမယ့် ကောင်မလေးကတော့ သနားချစ်နဲ့ ချစ်မိသွားပြီး ဒီ ရောဂါကို ကုစားပေးဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဘယ်လို ကုစား သလဲဆိုတာ ကတော့ ရင်ခုန်စရာ ပါပဲ။tantric sex ဆိုတာပါ။ ဘာသာတစ်ခုရဲ့ အယူအဆ အရ စိတ်ဝိဉာဉ် နှစ်ခု ကို ပေါင်းစည်းပေးဖို့ လိင်ကိစ္စကို ခပ်ဖြေးဖြေးနဲ့ အကြာကြီး ဆွဲပြီး ခံစားတာပါ။(tantric sex ဟာ အကြမ်းဖျင်းအားဖြင့် လေးနာရီခန့် ကြာသင့် ပါတယ်တဲ့။ ပုံမှန်အားဖြင့် ယောက်ျား အများစု ဟာ ဝုန်းဒိုင်း ပြီးသွားတတ်ပြီး ဒါဟာ ချစ်သူ နှစ်ဦးရဲ့ စိတ်ဝိဉာဏ် ၂ခု ကို မပေါင်းစည်းပေးနိုင်ဘူးလို့ ယူဆ ကြပါတယ်။ စကားချပ်) ဒီလို တဖြည်းဖြည်း နဲ့ Eloyတစ်ယောက် စိတ်အခြေ အနေ ပုံမှန် ပြန်ဖြစ်လာ မလားဆိုတာကတော့..... sleeping-walking နဲ့ tantric sex ဘယ်လို ပတ်သတ်တယ်, လူသားတစ်ယောက်ရဲ့ အခြေခံလိုအပ်ချက်တွေမှာ လိင်မှုကိစ္စက ဘယ်လောက် အရေးပါတယ်, စိတ်ပညာနဲ့ လိင်မှု ပတ်သတ်မှု တွေကို ချပြ ထားပါတယ်။ (သို့ပေမယ့်လည်း ပရိသတ်တွေကို တစ်ခုတော့ မှာထားပါရစေ။ sleep-walking ဖြစ်နေပြီဆို ချစ်သူတစ်ယောက်တော့ ရှာထားပေတော့လို့။ တော်ကြာ ရုပ်ရှင်ထဲက လို သူစိမ်းကောင်မလေးက ကြည်ဖြု ဖို့ ဆိုတာ အင်မတန် ကံကောင်းမှ ဖြစ်မှာမို့ အခန့်မသင့် ရဲ့ ထောင်နန်းစံရမယ့်ကိန်း ကြိုမြင်နေလို့ပါ...ဇာတ်ကားက မူရင်း ထုတ်တဲ့ဆီကကို Blu Ray မထွက်တာမို့ ထွက်သမျှတွေထဲက အကြည်ဆုံးကို ရွေးတင်ပေးလိုက်ပါတယ်။
(အညွန်းရေးသူကတော့ ကောင်းမြတ်သူပဲ ဖြစ်ပါတယ်)
(အညွန်းရေးသူကတော့ ကောင်းမြတ်သူပဲ ဖြစ်ပါတယ်)
Quality : DVD Rip
Running Time : 1hr ၂5 minute
Format : Mp4
Genre : Drama, Romance
Encoder : Joker.phs
နမူနာလေးကြည့်ရန်
DOWNLOAD MOVIE



No comments :
Post a Comment