ငယ်စဉ်က အဖေဖြစ်သူဆီကနေ အကြောက်တရားမျိုးစုံကို မကြောက်စေဖို့ ထိန်းကျောင်းခံလာရတဲ့ ဗယ်လယ်တိုင်း ဆိုတဲ့သူ တစ်ဦးကြီးပြင်းလာတဲ့အခါ မိန်းမတွေနဲ့ ရှုပ်ပွေ ပြီးတော့ အချစ်ဆိုတာ ပေါ့ပျက်ပျက်ထားခဲ့ပြီး လက်ထပ်ဖို့တော့ အရမ်းကြောက်တဲ့ သူဖြစ်ပါတယ်... တနေ့မှာတော့ သူ့အိမ်ရှေ့ကို သူနဲ့ အရင်က တွဲခဲ့တဲ့ မိန်းမတယောက်က ကလေးလေး တယောက်နဲ့ အတူ ရောက်လာပြီး သူ့ကလေးလို့ ပြောပြီး ကလေးကို ထားခဲ့ပြီး ထွက်ပြေးသွားခဲ့တယ်သူကတော့ ကလေးကို လဲ မလိုချင်တော့ သူ့အမေကိုပြန်ပေးဖို့မက္ကဆီကိုကနေကားတစ်တန်ကုန်းကြောင်းတစ်တန်နဲ့ အမေရိကားကို လာခဲ့ပါတယ်... လမ်းခရီးမှာ ကလေးနဲ့ သံယောဇဉ်တွယ်လာပြီး နောက်ပိုင်း ကလေးကို ပြုစု စောင့်ရှောက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်...အမြင့်ကို ကြောက်တတ်တဲ့
Valentin ဟာ ကလေး သံယောဇဉ်ကြောင့် စတန့် သမား တစ်ဦး အဖြစ် အသက်မွေးခဲ့ပါတယ်...နောက်ပိုင်းမှာ သူ့ကလေးရဲ့ အမေပြန်ပေါ်လာပြီး ကလေးကို ပြန်ခေါ်ဖို့ ကြိုးစားလာတဲ့ အခါ ..ဘယ်လို ဇာတ်ကွက် အလှည့်အပြောင်းတွေနဲ့ ပရိသတ်ကြီး စိတ်ဝင်တစား ကြည့်ရမလဲဆိုတာ ဆက်ပြီး ကြည့်ကြည့်ပါဦးး.
ဒီဇာတ်ကားကြည့်ပြီး ကိုယ့် သမီးအတွက်ဆို ဘာမဆို လုပ်ရဲတဲ့ ဖခင်တစ်ယောက်ရဲ့ မေတ္တာတွေကို
နားလည်လာနိုင်မှာ သေချာပါတယ်။ သားသမီးနေရာကနေပဲ ကြည့်ကြည့်၊မိဘနေရာကနေပဲကြည့်ကြည့်
လက်မလွတ်တန်း ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားပါ။သေချာတာတော့ ဘေးနားမှာ တစ်ရှူးဘူး ဆောင်ထားပါလို့...(ဇာတ်ကားအညွန်းရေးသူကတော့ Khin Cherry Hninပဲဖြစ်ပါတယ်)
File Size : 870 MB
Quality : Blu ray 720P
Running Time : 2hr 02 minute
Format : Mp4
Genre : Comedy, Drama
Encoder : Joker.phs
Quality : Blu ray 720P
Running Time : 2hr 02 minute
Format : Mp4
Genre : Comedy, Drama
Encoder : Joker.phs
နမူနာလေးကြည့်ရန်
DOWNLOAD MOVIE

No comments :
Post a Comment